Chapter 25

482 78 3
                                    

{Unicode}

"ရူးနေပြီပဲ!"

"အမ်း... ပြီးတော့ ကျွန်တော့်ရဲ့ရည်ရွယ်ချက်က တော်တော်လေးရိုးရှင်းပါတယ်၊ အဲ့လူက လူကောင်းတစ်ယောက်လို့တော့ ကျွန်တော်မထင်ဘူး နောက်ပြီး ဒီသင်္ချိုင်းကလည်း ဝင်ဖို့ ဒီလောက်လွယ်တာမဟုတ်ဘူး..." နေရာကို မကောင်းဆိုးဝါးကြီးတွေ စောင့်ကြပ်နေတာကို မပြောနဲ့အုံး ဝမ်ဖုန်းကျင်ဆိုတဲ့လူက ထာ၀ရရှင်သန်နိုင်တဲ့ နတ်ဆိုးကြီးတစ်ကောင်နဲ့တောင် တူသလောက်ရှိတယ်! သူတို့ အရင်တစ်ခါ တွေ့ဆုံမှုမှာ သူ့ရဲ့လှုပ်ရှားမှုတွေကိုတောင် မမြင်ခဲ့ရဘဲ သူတောင် မသိလိုက်ခင် အသတ်ခံရလုနီးပါးဖြစ်ခဲ့ရတယ်!

ကျန်းပိုင် သူ့လည်ပင်းကို ထိကာ ဝမ်ရှောင်းမျယ်နဲ့ ဝမ်ဖုန်းကျင်ကို ပြောလိုက်တယ် "ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်က ဒီကိုလာပြီး ခင်ဗျားတို့ကို သတင်းပေးတာကြောင့်မို့လို့ ကျွန်တော့်အစ်ကိုကြီးကိုတော့ ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်!"

ဝမ်ဖုန်းကျင် ခပ်ဟဟရယ်လိုက်တယ်။ သူ ကျန်းပိုင်နားကို ဖြေးဖြေးချင်းကပ်ကာ စက္ကန့်ပိုင်းအတွင်း သူ့မျက်နှာကို ပိုပြီးဖြူလျော်သွားအောင် လုပ်လိုက်တယ်။ ကြီးမားတဲ့အနက်ရောင်မျက်ဆံကြီးတွေက မရိုးဖြောင့်ရှိလှပြီး စိတ်ဝင်တစား မေးလာတယ် "မင်းက သူ့ကို လွှတ်စေချင်တာလား?"

"ဟုတ်ပါတယ်"

ပြန်ဖြေလို့အပြီးမှာ ရုတ်တရက်ဆိုသလို အကြောသေပြီး မုန်းတီးတဲ့ဖိအားတစ်ခု လွှမ်းမိုးခံလိုက်ရတယ်။ ကျန်းပိုင်မျက်လုံးတွေပြူးကျယ်ကာ လေကို ရှိုက်ကာ ရှုနေရတယ်။ တခြားလှုပ်ရှားဖို့နေနေသာသာ အသက်ရှုရတာကတောင် ပင်ပန်းလာတယ်။ သူ့မျက်လုံးတွေနဲ့ ဝမ်ရှောင်းမျယ်ကို လှည့်ကြည့်လိုက်တယ်။

ဝမ်ရှောင်းမျယ်က မသက်သာတာမျိုး ဘာမှမရှိဘဲ အဲ့အစား ကျန်းပိုင်က ရုတ်တရက်ကြီး ဘာကြောင့် မလှုပ်မယှက်ဖြစ်သွားရတာလဲဆိုပြီးတော့ တွေးနေတယ်။

'ငါ့တစ်ယောက်တည်းကိုပဲ သက်ရောက်မှုဖြစ်တာလား?'

ဝမ်ဖုန်းကျင်လက်ညှိုးက သူ့ရဲ့ညာဘက်မျက်လုံးနဲ့ တစ်စင်တီမီတာလောက်သာ ကွာတော့တာကို အကူအကယ်မဲ့စွာနဲ့ ကျန်းပိုင်ကြည့်နေရတယ်။

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now