{Unicode}
"ဒါ မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး! ကျုပ် အဲ့တာရဲ့တစ်ဝက်ကို ယူခဲ့တယ်လေ၊ ခင်ဗျား ဘာလို့ အသက်ရှင်နေသေးတာလဲ? ဘယ်လိုလုပ် နိုးလာရတာလဲ _ မျန်တျန်း_!"
ထိုလူက မယုံကြည်နိုင်စွာနဲ့ ခေါင်းကို ခါယမ်းနေတယ်။ သူ ဒီနာမည်ကို ထုတ်ပြောလိုက်ချိန်မှာ ဝမ်ရှောင်းမျယ် အနည်းငယ် အံ့ဩသွားတယ်။ သူက ထိုလူ့ကိုကြည့်ပြီးနောက် ဝမ်ဖုန်းကျင်ကို ပြန်ကြည့်လိုက်တယ်။
"ဟိုနားကလူ၊ ခင်ဗျား ကျုပ်ကို သိလို့လား?" ဝမ်ရှောင်းမျယ် သူ့ကိုယ်သူ လက်ညှိုးနဲ့ ထိုးပြလိုက်တယ်။ သူ့ရဲ့အရင်ဘဝတုန်းကနာမည်ကို ခေါ်လိုက်တယ်ဆိုတော့ သူတို့တွေက တစ်နည်းနည်းနဲ့ အဆက်အစပ်ရှိလို့လား?
"ဖုန်းကျင် မင်း သူ့ကိုသိလား?"
ဝမ်ဖုန်းကျင်က သူ့အကြည့်ကို ဝမ်ရှောင်းမျယ်မှတစ်ဆင့် ထိုလူ့ဆီ လွှဲလိုက်တယ်။ ထိုလူရဲ့မျက်လုံးတွေထဲမှာ မျှော်လင့်ချက်အရိပ်အယောင်လေးတစ်စ ရှိနေပေမယ့် ဝမ်ဖုန်းကျင်ကတော့ သူ့ကို အေးစက်တဲ့အကြည့်တစ်ချက်သာ ဖျတ်ခနဲစွန့်ကြဲလိုက်တယ်။
"မသိဘူး" ဝမ်ဖုန်းကျင် ပြောလိုက်တယ် "ကိုယ် ဒီလူကို မသိဘူး"
ဒါကိုကြားတဲ့အခါ ထိုလူရဲ့မျက်နှာအမူအယာတွေ ဆိုးဆိုးဝါးဝါး လိမ်ရှုံ့သွားပြီး ဝမ်ဖုန်းကျင်ကို စိတ်ပျက်လက်ပျက်မျက်လုံးတွေနဲ့ ကြည့်လာတယ်။
"ခင်ဗျားက ကျုပ်ကို မသိဘူး..." သူ ဝမ်ဖုန်းကျင်ကို လက်ညှိုးနဲ့ထိုးကာ အားပါးတရရယ်လာတယ် "ခင်ဗျားက ကျုပ်ကို မသိဘူး? လူလိမ်! ခင်ဗျား ကျုပ်ကို မှတ်မိသင့်တယ်!"
သူ့မျက်လုံးတွေက သူတစ်ပါးကို မကောင်းကြံစည်တတ်တဲ့တစ္ဆေတစ်ကောင်နဲ့ ဆင်တူနေတာကြောင့် ဝမ်ရှောင်းမျယ် တံတွေးမြိုချလိုက်ရတယ်။
"ရှောင်ဝမ်းကျစ်၊ မင်း သူ့ကို တကယ်သိတယ်ဆိုလည်း ဒီတိုင်း ဝန်ခံပေးလိုက်စမ်းပါ၊ အဲ့လူက အခု ဘယ်အချိန်မဆို ငါတို့ဆီလာတော့မယ်လို့ ခံစားချက်တွေရနေတယ်"
ထိုပြူးထွက်နေတဲ့မျက်လုံးတွေနဲ့ သူ့တစ်မိသားစုလုံးကို သူတို့ကပဲ သတ်ခဲ့သလိုမျိုး စိုက်ကြည့်နေတယ်။
YOU ARE READING
ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]
RomanceTitle - I and My Husband Sleep in a Coffin Author - Wu Shui Bu Du [无水不渡] Chapters - 93 chapters (Complete) English Translator - TN4L3 Myanmar Translators - Kay_Wine & xena-bb