Chapter 2

6.5K 1.4K 115
                                    

[Unicode]

ဝမ်ရှောင်းမိန် နိုးလာတဲ့အချိန် သူကတစ်စုံတစ်ယောက်ရဲ့ ပွေ့ဖက်မှုကြားမှာ လဲလျောင်းနေရတယ်ဆိုတာကို သိလိုက်ရတယ်။ သူမှီခိုထားခဲ့ရတဲ့ ရင်ဘတ်ကြီးကအစိုင်အခဲကြီးတစ်ခုလိုမျိုးပဲ သူ့နောက်ကျောဘက်လေးကတောင် ရေခဲလိုမျိုးအေးနေတယ်လို့တောင်ခံစားနေရတယ်။ နောက်ပြီး သူသက်တောင့်သက်သာနေလို့ရအောင် ထိုလူကဖက်ထားတဲ့ပုံအနေအထားတောင်ပြောင်းပေးလိုက်သေးတယ်။

ကြယ်တွေလောင်ကျွမ်းသလိုမျိုးဖြစ်နေတဲ့ အနီရောင်နောက်ခံကြီးကိုဆန့်ကျင်ပြီး ပန်းပွင့်အနည်းငယ်ကအနီရောင်မင်္ဂလာဝတ်စုံပေါ်ကြွေကျလျှက် လှပတဲ့အခြေအနေလေးဖြစ်နေခဲ့တယ်။

ဒီအခြေအနေကိုအပြင်လူတွေ့ခဲ့ရင်: ခမ်းနားကြီးကျယ်တဲ့မြေအောက်နန်းတော်ကြီးရဲ့ အမြင့်တနေရာမှာ ယောကျ်ားလေးချစ်သူစုံတွဲတစ်တွဲက အနီနဲ့အနတ်ဝတ်ရုံတွေကိုဝတ်ဆင်ထားပြီး အိပ်မက််ဆန်ဆန် မက်မွန်ပင်ကြီးကိုမှီထားလျှက်ရှိနေကြတယ်ပေါ့။ သူတောင်မှရင်အဖိုလွန်သွားနိုင်သေးတယ်။

အဲ..ဒီအခြေအနေကိုအပုတ်မတွေသာမြင်ခဲ့မယ်ဆိုရင်: သူ့ခေါင်းထဲမှာတင်ပဲ ထောင်ပေါင်းများစွာသော ဝတ္ထုတွေကိုရေးလို့ပြီးသွားလိမ့်မယ်။

တကယ်လို့....တကယ်လို့အခုငါ့ကိုဖက်ထားတဲ့လူက သေပြီးသားလူသာမဟုတ်ခဲ့ရင် ငါအရမ်းပျော်မိမှာပဲ။

ဒီတိုင်းပျော်ရုံတောင်မဟုတ်ဘူး ငါတကယ်ပဲအဲ့ဟာကိုတောင် လုပ်ချင်လုပ်မိအုံးမှာ

ဒါပေမယ့်လည်း ဝမ်ရှောင်းမိန်ကတော့အရမ်းကြောက်နေခဲ့တယ် အရမ်းကြောက်လို့ သူ့မျက်နှာမှာဘာအမူအရာမှမပြသော်ငြားလည်း သူ့တစ်ကိုယ်လုံးကတော့ ပါကင်ဆန်လူနာတစ်ယောက်လိုမျိူး အဝတ်လျှော်တဲ့အခါသုံးတဲ့ အဝတ်လျှော်စက်တွေလိုမျိုး တုန်ခါနေခဲ့တယ်။ [T/N: ပါကင်ဆန်ကရောဂါနာမည်ပါ။ သူကအာရုံကြောရောဂါတစ်ခုပဲ ရောဂါလက္ခဏာတွေကတဖြည်းဖြည်းနဲ့စတင်လာပြီး လက်တစ်ချောင်းလုံးစတင်ပြီးတုန်ခါလာတာမျိုး]

သူ့နောက်ကျောဘက်ကနေ ရယ်သံတိုးတိုးလေးထွက်လာခဲ့တယ်။ ထိုလူ့ရဲ့ပွေ့ဖက်မှုက ပိုပြီးတင်းကြပ်လာတာကို ဝမ်ရှောင်းမိန် ခံစားလိုက်ရတယ် ပြီးတော့ သူက တကယ်ပဲ အဲ့ဒီအေးစက်နေတဲ့ညစ်ညမ်းတဲ့အရာကြီးကို သုံးနေတာပဲ အဲ့ဒါက နူးညံ့ညင်သာစွာနဲ့ သူ့လည်ပင်းကို ရှေ့တိုးနောက်ဆုတ်ပွတ်သပ်နေတယ်

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Donde viven las historias. Descúbrelo ahora