Chapter 36

390 67 2
                                    

{Unicode}

ဒါတွေအားလုံးက ကြီးမားတဲ့လိမ်ညာမှုကြီးတစ်ခုပဲ။ စစချင်းမှာတည်းက သူကြားခဲ့ရတဲ့ လှပတဲ့အရာတွေအားလုံးက ထွင်လုံးတွေသာ...

ဝမ်ရှောင်းမျယ် အထက်စီးကနေ အရေးမစိုက်သလိုမျိုး မြေပြင်ပေါ်မှာလဲနေတဲ့ လုပ်ကြံသူတွေကို ကြည့်လိုက်တယ်။ တစ်ဦးတည်းသော သူ့ရဲ့ ရှစ်တိလည်းပါတယ်။ သူ တုန်နေအောင်ချစ်ရတဲ့ ကလေး၊ ကြီးပြင်းလာတာကို စောင့်ကြည့်ရင်း ညီငယ်လေးလို ဆက်ဆံခဲ့တဲ့ကလေးက သွေးတတောက်တောက်ကျနေတဲ့ ဓားတစ်လက်ကို ကိုင်ထားတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရာနေရာကို ဖြတ်လာမိတဲ့ သူ့ရှစ်ရှုန်းရဲ့ အေးခဲသွားတဲ့အပြုံးကို မြင်သွားချိန်မှာ သူ့မျက်လုံးတွေထဲ ကြောက်စိတ်တို့ ပြင်းထန်လာတယ်။

ဒါက ဝမ်ဖုန်းကျင် အရွယ်ရောက်တဲ့နှစ်ဖြစ်တယ်။ နောက်ပြီး ပျောက်ဆုံးသွားတဲ့ စာသင်သားတွေက ဧကရာဇ်လွှတ်လိုက်တဲ့ သူလျှိုတွေဆိုတာနဲ့ ပျော်စရာကောင်းသလိုအပြင်ပန်းနဲ့ကျောင်းတော်ကြီးရဲ့ နောက်ကွယ်က စက်ဆုပ်ဖွယ်အမှန်တရားကို သိခဲ့ရချိန်လည်း ဖြစ်တယ်။

လူတိုင်းမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ ရှိတယ်...

ဝမ်ဖုန်းကျင်က သူ့ဓားကို လွှတ်ချပြီး သူ့ဆီ အပြေးအလွှားရောက်လာကာ သူ့ကိုအသည်းအသန်ရှင်းပြဖို့ကြိုးစားရင်း ချုပ်ကိုင်ထားတာကို ကြည့်နေလိုက်တယ်။ အလောင်းတွေကို ရှင်းလင်းဖို့ တာဝန်ကျတဲ့လူတွေက အရိပ်ထဲကို ရိုကျိုးစွာနဲ့ ကျွမ်းကျွမ်းကျင်ကျင် ပြန်ဆုတ်ခွာသွားတယ်။ သူတို့တွေ ဒါကို အကြိမ်ပေါင်းများစွာ လုပ်ဖူးတာ သိသာလှတယ်။

"ရှစ်ရှုန်း ကျွန်တော် ကျွန်တော် သူတို့ကို မသတ်ချင်ပါဘူး၊ သစ္စာမဲ့တဲ့ဧကရာဇ်က ကျွန်တော့်ကို သတ်ချင်နေတာ! အဲ့တာက အမှန်တရားပါ၊ အမှန်ပါပဲ... ကျွန်တော့်ကို လျစ်လျူမရှုလိုက်ပါနဲ့... ရှစ်ရှုန်း"

ဆယ်ကျော်သက်လေးရဲ့မျက်လုံးတွေထဲက ကြောက်လန့်မှုနဲ့ ရူးမတတ်ဖြစ်ပြီး မျက်ရည်ပေါက်ကြီးငယ် စီးကျလာတာကို ကြည့်ရင်း ဝမ်ရှောင်းမျယ် သနားသွားရပြန်တယ်။ သူက လူသတ်သမားကို ဖက်ထားကာ မြေကြီးပေါ်က အလောင်းတွေကို ကြောက်လန့်တကြားကြည့်လိုက်တယ်။ သာမန်လူ ဘယ်သူမဆို သူတို့ချစ်တဲ့သူက လူသတ်သမားတစ်ယောက်ဆိုတာကို သိပြီးတဲ့နောက် တုံ့ပြန်မှုက အတူတူပင်။ ဝမ်ရှောင်းမျယ် မယုံကြည်နိုင်စွာ စိတ်ဆင်းရဲသွားရတယ်။

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now