Chapter 40

480 87 6
                                    

{Unicode}

လိန်းကျဲ့ကတော့ ဓားကို ဖက်ရရုံနဲ့တင် သွက်သွက်ခါသွားတော့တယ်။

"Beep beep beep!!! လျောင်ယွဲ့ဟ! ဖာ့ခ်! တကယ်ကြီး နင်ပဲ! ငါ့ကိုပေး!!! Beep beep beep!!! လျောင်ယွဲ့ရေ!!! Ahhhh!!!"

ရှောင်လျို့က သူ့ဆရာရဲ့စိတ်ဖောက်သလို ရယ်နေတာကြီးကိုကြည့်ပြီး သူ့နှဖူးသူသာ ရိုက်နိုင်တော့တယ်။

သင်တို့ တစ်စုံတစ်ယောက် ယွမ်ငါးသန်းထီဆုကြီး ပေါက်တာကို မြင်ဖူးကြပါသလား? သူ့ဆရာရဲ့ရူးသွပ်မှုကတော့ ယွမ်သန်းတစ်ရာ အနိုင်ရလိုက်တဲ့ လူလိုမျိုးကိုဖြစ်နေတယ်!

"လျောင်ယွဲ့ AHHH! ငါ ဘယ်လိုမှ မခံစားနိုင်တော့ဘူး!!! ငါ နှလုံးဆေးလေးလိုနေပြီ! ဒါ ငါ့အပိုင်! လျောင်ယွဲ့ နင်က ငါ့အပိုင်ပဲ!!! အိုး ဘုရားရေ ငါဘယ်လိုမှ မခံစားနိုင်တော့ဘူး! အား! ငါ နင့်ရဲ့အစေခံဖြစ်ပေးဖို့ လိုလားတယ်လို့!!! အ ဟား ဟား!!!"

လိန်းကျဲ့က ဓားကိုပိုက်ကာ ဆက်လက်ငိုကြွေးမြည်တမ်းကာ ကယောင်ခြောက်ခြား ပီတီတွေဖြာနေတော့တယ်။ သူ့ရဲ့မင်္ဂလာဆောင်နေ့(ညပိုင်းပေါ့)ဖြစ်နေတဲ့ သတို့သမီးတစ်ယောက်လိုမျိုး စိတ်အားထက်သန်မှုတွေနဲ့ ပြီးပြည့်စုံမှုတို့ ပေါက်ကွဲထွက်နေတယ်!

လက်နက်အတွက်သာဆိုရင် သူတို့ကို မြေပေါ်မှာနေနိုင်ဖို့ ကူညီပေးရုံတင်မကဘူး သူတို့က ကောင်းကင်ပေါ်မှာ နေချင်တယ်ဆိုရင်တောင် ကူညီပေးလိုက်အုံးမှာ!

......

ဝမ်ဖုန်းကျင်နဲ့ ဝမ်ရှောင်းမျယ်က သတ္တုဓာတ်တွေကို ဝါးမြိုပြီး မာကြောတဲ့ကျောက်နံရံတစ်ခု ဖြစ်ပေါ်စေနိုင်တဲ့ အရည်တစ်မျိုး ထုတ်ပေးနိုင်တဲ့ မုကျီဆိုတဲ့ မကောင်းဆိုးဝါးကို ပျက်ဆီးသွားတဲ့နေရာတွေကို ပြန်လည်ဖြည့်တင်းပေးဖို့ အမိန့်ပေးလိုက်တယ်။ ကျန်းပိုင်ရဲ့ထူးဆန်းတဲ့လက်နက်ကို ရှာဖို့လည်း အမိန့်ပေးလိုက်သေးတယ်။

ဒီလက်နက်က တော်တော့်ကိုထူးခြားတယ်လို့ ဝမ်ဖုန်းကျင်က ပြောတယ်။ သူတို့ရဲ့အခန်းကို ဖောက်ဝင်ဖို့အတွက် မုယီနဲ့ တခြားသူတွေကို အဲ့တာနဲ့ အနာတရဖြစ်စေခဲ့တာဖြစ်တယ်။ အမှန်ပဲ၊ ကျန်းပိုင်က ပြန်ပြီး ခိုးဝင်လာခဲ့ရုံတင်မကဘူး တဟုန်ထိုးတိုက်ခိုက်ကာ မုယီကနေ မုရှစ်အထိ သတ်မိလုနီးနီးပင်။ ဝမ်ဖုန်းကျင်က သူတို့တွေကို သူ့ရဲ့သွေး အချိန်မှီပေးလိုက်နိုင်တာကြောင့်သာ အသက်ရှင်ခဲ့ကြတာဖြစ်တယ်။

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Tempat cerita menjadi hidup. Temukan sekarang