1

81.6K 2.7K 157
                                    

[Z]

ယောက်ျားတစ်​​ယောက်​ ။
အဲ့ဒီ့​ယောက်ျားတစ်​​ယောက်​က
ကျ​နော့်​ဘဝတစ်​ခုလုံးကို ချုပ်​ကိုင်
ချည်​​နှောင်​ထားခဲ့တယ်​...။

********************

'ဒုန်း'

မိမိစာ​​ရေးစားပွဲ​ပေါ်ကိုအားပါပါ​ဆောင့်​ချလာတဲ့
လက်​ဖဝါးတစ်​ခု​ကြောင့်​ ဂျွန်​​ဂျောင်​ဂုစာ​ရေး​နေရာမှ
မျက်​လုံးကိုတစ်​ချက်​အ​ပေါ်လှန်​ကြည့်​လိုက်​သည်​။

ကျောင်းယူနီ​ဖောင်းအပြည့်​နဲ့ ဆံပင်​​ငွေ​ရောင်
ခပ်​​ကြေ​ကြေ​တွေရှိ​သော မျက်​နှာ​ချော​ချောနဲ့ ထိုသူသည်
သူ့အား​ဒေါသမီး​တောက်​​လောင်​​နေ​သော
မျက်​လုံးတစ်​စုံဖြင့်​စူးစိုက်​ကြည့်​​နေ​လေ၏ ။

သူတို့နှစ်​​ယောက်​၏အ​ခြေအ​နေကို​ဘေးမှာရှိ​နေ​သော
ကျောင်းသား​ကျောင်းသူများကလည်းကြည့်​ကာ
တီးတိုး​ပြောဆို​နေကြ​ပေမယ့်​ ​ပေါ်​ပေါ်တင်​တင်​​တော့
ဘာတစ်​ခွန်းမှမဟရဲကြ ။

ဂျွန်​​ဂျောင်​ဂု (​ခေါ်) ဂျွန်​​စေတန်​ နဲ့
ဂင်​(မ်​)ထယ်​​ဟျောင်းဆိုတာ မျိုးကြီးရိုးကြီး
အရှိန်​အဝါ​တွေနဲ့သူ​တွေမို့ သူတို့
ဘာမှစကားဝင်​မ​ရှည်​ရဲကြပါ ။

"မင်းလုပ်​တာမလား ဂွမ်​ဂျာရဲ့ခုံ​ထဲက
စာရွက်​ကို မင်းထည့်​ထားတာမလား ဟမ်​ ! "

ဒေါသတစ်ကြီးနှင့်​​အော်​​ပြော​နေ​သော်​လည်း
လူကို​အေးတိ​အေးစက်​ဖြင့်​ပြန်​ကြည့်​​နေတဲ့
ဂျောင်​ဂု​ကြောင့်​ ထယ်​​ဟျောင်း ​ဒေါသ​တွေ
ထွက်​ပြီးရင်း​ကိုထွက်​​နေ​တော့သည်​ ။

ဂျောင်​ဂုက ဘာမှမ​ပြောဘဲ ​ခေါင်းကိုပြန်​ငုံ့ကာ
စာဆက်​လုပ်​​နေလျှင်​ ထယ်​​ဟျောင်း​ဒေါသ​တွေ
ငယ်​ထိပ်​ကိုတက်​​ဆောင့်​ကုန်​​တော့သည်​ ။

ဂျောင်​ဂု​ရေး​နေ​သော​ကျောင်းစာအုပ်​အား
ဆွဲယူကာ ​အ​ဝေးကိုဆွဲယူလွှင့်​ပစ်​လိုက်​သည်​ ။

ထိုအခါမှ​ဂျောင်​ဂုသည်​ဝုန်းကနဲထရပ်​လိုက်​ကာ

"မင်းလွန်​မလာနဲ့"

A MAN(SATAN'S DIARY)//KV[COMPLETED]Where stories live. Discover now