44 (Final)

25.6K 1.2K 95
                                    

[Z]

မနက်အစောကြီးအိပ်ရာမှထသွားသောဗီတိုနဲ့အဖိုးက ပြောင်းဖူးခင်းထဲမှာဖြစ်သည် ။ ထယ်ဟျောင်းအိပ်ရာကနိုးတော့ ကုတင်ပေါ်မှာရှိနေတာသူတစ်ယောက်တည်းဖြစ်၏ ။ မျက်လုံးလေးများကိုလက်ဖြင့်ပွတ်သပ်လိုက်ရင်း အားယူ၍အိပ်ရာမှထလိုက်ရသည် ။

"အ့"

အောင့်သွားသောခါးအောက်ပိုင်းကြောင့် ထယ်ဟျောင်းမျက်နှာလေးရှုံ့မဲ့သွားရရှာလေသည် ။ တစ်ချိန်ထဲမှာပဲ ပါးပြင်လေးတွေလည်းနီရဲလာ၏ ။

မနေ့ညကစေတန်သူ့ကိုစားသုံးခဲ့သည်မှာ ရေချိုးခန်းထဲမှာတင်မဟုတ်ဘဲ ကုတင်ပေါ်ထိပါ နောက်ဆက်တွဲဇာတ်လမ်းနှင့်ဖြစ်သောကြောင့် အခုသူ့မှာအောင့်သက်နေရပြီ ။ ကိုယ်ပေါ်ကိုကြည့်လိုက်တော့လည်း အဝတ်အပြည့်မရှိဘဲ စေတန့်ရဲ့ရှပ်လက်ရှည်မီးခိုးရင့်ရောင်နှင့်ဖြစ်သည် ။

ဒါလည်းစေတန်ဆင်ပေးထားတာ ။ သူကမနေ့ညက အရင်ဆုံးအိပ်ပျော်သွားခဲ့သူလေ ။

စေတန်ဟာထိုကိစ္စနှင့်ပတ်သက်လျှင် အလွန်သက်လုံကောင်းသည် ။ ကျန်တဲ့အချိန်သာ သူပြောတာကိုနားထောင်ချင်နားထောင်မည် ။ ထိုအချိန်ဆိုရင်တော့ နည်းနည်းလေးဆိုးချင်သည် ။ တွန်းမရ၊ ပြုမရနှင့်ဖြစ်သလို သူကိုယ်တိုင်ကလည်း စေတန့် အ​ပြုအမူတွေထဲမျောပါသွားရတာကများသည် ။

ထယ်ဟျောင်းမှာမျက်နှာပူစရာတွေတွေးပြီး တစ်ကိုယ်လုံးပူလာသလိုခံစားရတာကြောင့် ရေချိုးခန်းအမြန်ဝင်ရတော့သည် ။ သူပူအိုက်နေလေပြီ ။

************
မီးဖိုချောင်အတွင်း စိုက်ခင်းထဲမှ ခူးလာသောပြောင်းဖူးများကိုပြုတ်ပေးနေသောအဖိုး ။စေတန်ကတော့ နံနက်စာအတွက် စားပွဲပေါ်သို့ သူချက်ပြုတ်ထားသောဟင်းပွဲများကို တင်ဆောင်နေ၏ ။ တစ်ဖက်မှာတော့ ဗီတိုကို ဘေစင်တွင်လက်ဆေးပေးပါသော ထယ်ဟျောင်း ။

ဆံပင်ငွေရောင်ဆင်တူလေးနှင့်ချစ်စရာသားအဖလေးကို စေတန်တစ်ချက်တစ်ချက်လှမ်းကြည့်ရင်းပြုံးတတ်သေးသည် ။

"ဒါမျိုးဆိုဗီတိုတို့ကအိပ်ရာစောထရလည်းဖြစ်တာပဲနော် တအားတက်ကြွနေတာ"

A MAN(SATAN'S DIARY)//KV[COMPLETED]Where stories live. Discover now