9

22.4K 1.8K 57
                                    

[Z]

ကား​မောင်း​နေလိုက်​ ၊ ​တောက်​​ခေါက်​လိုက်​ဖြင့်​ ​စေတန်မှာ
စိတ်​မ​လျှော့နိုင်​​သေး ။ ထယ်​​ဟျောင်းက​နောက်​ခန်းတွင်​သာ ထိုင်​​လိုက်​လာကာ အသံတစ်​သံမှမကြားရ ၊

စေတန်​စိတ်​ထဲတွင်​ ထယ်​​ဟျောင်းသူ့အ​ပေါ်​ကောင်း​ကောင်းမွန်​မွန်​ဆက်​ဆံလာ​အောင်​ဘာလုပ်​မှန်းမသိစွာဖြင့်​ ကိုယ့်​ကိုကိုယ်​အားမရ​ဒေါသထွက်​မှု​တွေ​ရော ၊ တစ်​ဖန်​ပြန်​​ရောက်​လာတဲ့ဒုံဂွမ်​ဂျာ​ကြောင့်​​ရော ရင်​တစ်​ခုလုံးပူ​လောင်​​နေရ၏ ။

'​ဖြောက်​ ​ဖြောက်​'

ကားမှန်​​ပေါ်ကိုကျဆင်းလာတဲ့မိုးစက်​အချို့ ၊
ကား​မှန်ေ​ရသုတ်​တံကိုလှုပ်​ရှား​စေလိုက်​သည်​။
တစ်​စတစ်​စနှင့်​ဖွဲဖွဲကျလာ​သောမိုး​​ရေများနှင့်​အတူ
ကားအပြင်​မှမိုး​​ရေကျသံများကကျယ်​​လောင်​လျက်​။

ညသည်​ ​မှောင်​မိုက်​၍ မိုးကျသံတို့နှင့်​အတူ
လေ​အေးက​သွေး​နေသည်​ ။ ​အေးမြလာ​သော်​လည်း
တစ်​ဦးသူရဲ့စိတ်​အစုံသည်​​တော့ မီးကျွမ်း​နေသည်​။

အချိန်​တစ်​ခုအထိ​ဂျောင်​ဂုနားထဲကိုမိုးရွာ​နေသည့်
အသံ​တို့ကလွဲ၍ ဘာမှမကြားရ ။

ထယ်​​ဟျောင်းသည်​ ​နောက်​ခန်းတွင်​ ​ခေါင်း​လေးငုံ့လျက်
ထိုင်​​နေရင်း ခုနကဖြစ်​ပျက်​သွားတာတို့ကမ​တွေးချင်​ဘဲ
အ​တွေးထဲမှာထပ်​တလဲလဲ​ပေါ်​နေသည်​ ။ ​စေတန်​က
အဲ့လိုပဲသူ့ကိုပိုင်​စိုးပိုင်​နင်းပြု​မူ​နေတာသူမနှစ်​မြို့ပါ။
မနူးမနံ့အရွယ်​​လေးတုန်းကလည်း ကိုယ့်​ကိုအဲ့ဒီ့စိတ်​ဒဏ်​ရာကြီး​ရ​အောင်​လုပ်​ခဲ့တာလည်း သူပဲ ၊ ကိုယ့်​မှာအဲ့တည်းက
အထိအ​တွေ့နဲ့ပတ်​သက်​ရင်​ ​အလွန်​ sensitive ဖြစ်​လာ
တော့တာ ။

အခုလည်း သူက ကားကို​မောင်း​နေရင်း အသက်​ရှူသံပြင်းပြလိုက်​ ​တောက်​ ​ခေါက်​ ပြလိုက်​နှင့်​ ။ ခုနက​စော်​​ကား​မော်​ကားလုပ်​ရပ်​က သူကပဲလုပ်​ပြီး အခုမသိရင်​သူ့ကိုကိုယ်​ကလုပ်​ထားတာကျ​နေ​ရော ။

A MAN(SATAN'S DIARY)//KV[COMPLETED]Where stories live. Discover now