[Z]'အစ်ကို့လူ xxxဘားကိုရောက်နေတယ်'
"ဘာ"
စေတန့်ရဲ့အာမေဋိတ်သံသည် အစည်းအဝေး
ခန်းမထဲလွင့်ပျံသွား၏ ။ မပြီးပြတ်သေးသော
ညပိုင်းအစည်းအဝေးကြောင့် အလုပ်များနေခဲ့ပေမယ့်
ဆွန်းချယ်ယောင်းဆီကဖုန်းဖြစ်၍သာ ရှယ်ယာရှင်များကို
ခွင့်တောင်း၍ ဖုန်းကိုင်လိုက်ရာ ကြားသိလိုက်ရသော
အကြောင်းအရာကြောင့် စိတ်ကဆတ်ခနဲ ။ကိုယ်ရှိန်မနည်းပြန်သတ်လိုက်ရင်း
"သူပဲလား"
'မဟုတ်ဘူး လူတစ်ယောက်လည်းပါတယ်
စိတ်မပူပါနဲ့ ယောက်ျားလေးပါပဲ'"ငါ ဒီ..ကျစ်"
မယ်မင်းကြီးမလေးကတော့ ယောက်ျားလေးမို့စိတ်မပူပါနဲ့
လာလုပ်နေသေး၏ ။ ကိုယ်မှာ ယောက်ျား မို့လို့ပိုပြီးစိတ်ပူသွားရတာတော့သူမသိ ။"အင်း ငါပြီးတာနဲ့လာခဲ့မယ်"
ဖုန်းကိုချပြီးမှ မပြီးပြတ်သေးသောအစည်းအဝေးကို
အပြီးသတ်ရသည် ။ အလုပ်သာလုပ်နေ၏ စိတ်က
ကဆုန်ပေါက်ကာ အခုချက်ချင်းအပြေးသွားချင်နေတာ ။ထယ်ဟျောင်းကသူ့သဘောနဲ့သူတော့ ဘားကို
သွားလိမ့်မည်မထင်ပါ ။ ဒါဟာကျိန်းသေပေါက်
သူနဲ့အတူပါသည့် လူ၏စနပ်ပင် ။
ထိုသူကဘယ်သူလဲ မသိရသေးပေမယ့်ဒုံဂွမ်ဂျာဆိုတဲ့
အကောင်ဖြစ်နေဖို့က ရာခိုင်နှုန်းသိပ်များနေသည် ။
ဂျောင်ဂု ဂွမ်ဂျာ့ကိုလုံးဝနားမလည်။ဒီကောင်ဘာတွေလုပ်နေသလဲ သူမသိပေမယ့်
မကြာသေးခင်သောအချိန်ကပင် ထယ်ဟျောင်းကို
အသက်အန္တာရာယ်ဖြစ်အောင်အထိ ကြံစည်ခဲ့တာကို
သူသိသည် ။ အခုလည်းထယ်ဟျောင်းကိုအန္တာရာယ်
မပြုဘူး ဟု လုံးဝမပြောနိုင် ။အစည်းအဝေးအပြီးသတ်ပြီးသည်နှင့် ဂျောင်ဂု၏
ခြေလှမ်းကျဲတွေဟာ ကားပါကင်ကိုဖြစ်သည် ။
suitမှအပေါ်ထပ်ကို ချွတ်ကာ lover seatကို
ပစ်တင်လိုက်သည် ။ ထို့နောက်ကားကိုစက်နှိုးကာ
ချယ်ယောင်းပြောသည့်ဘားကိုအလျင်အမြန်ထွက်
လာခဲ့လိုက်သည် ။
