29 - 1

20.7K 1.4K 52
                                    

[Z]

"ဒါမင်းတမင်​လုပ်​တာမလား"

စေတန့်​ရင်​ဖက်​ကိုပစ်​​ပေါက်​လိုက်​တဲ့စာရွက်​စာတမ်းများသည် ​အောက်​က​ကြွေပြားများအ​ပေါ်လွင့်​၍ကျကုန်​သည်​ ။ ထိုစာရွက်​များသည်​ ဦး​လေးဂင်​(မ်​)ပ​ရောဂျက်​အလုခံလိုက်​ရ​​သောကိစ္စ နှင့်​ ပတ်​သက်​သည့်​စာရွက်​စာတမ်းများဖြစ်​သည်​ ။ ထိုသည်​ကား​စေတန်​ပြုလုပ်​ခဲ့​သောအရာဆို​ပေမယ့်​ ​စေတန်​က​တော့ ခပ်​တည်​တည်​သာ ။

"မင်းဘာကိစ္စငါ့ကို​နှောင့်​ယှက်​​ချင်​​နေတာလဲ ဂျွန်​​စေတန်​ ! မင်း​စေ့စပ်​ထားတာငါ့သား​ ။ ငါကတစ်​ချိန်​မင်း​ယောက္ခထီးဖြစ်​လာမယ့်​သူ ! အခုမင်းလုပ်​​နေတာ​တွေက ငါ့ကိုသိသိသာသာ တိုက်​ခိုက်​​နေတာပဲ !!"

စေတန်​သည်​မျက်​ခုံးများကိုစုကျုံ့၍ ဦး​လေးဂင်​(မ်​)​ပြောသည်​အား ​နား​ထောင်​​နေ​သောလည်း ဘာမှမတုန့်​ပြန်​​သေး ။

"ပြီး​တော့ငါ့ရဲ့ကိုယ်​​ရေးကိုယ်​တာကိစ္စ​တွေကိုလည်း မင်းဝင်​စွက်​ဖက်​ဖို့လုပ်​​နေတာဘာသ​ဘောလဲ မင်းရဲ့ရည်​ရွယ်​ချက်​ကဘာလဲ ဟမ်​!? ​ပြောစမ်းပါ ငါ့ကို !!"

လက်​သီး​တင်းတင်းဆုပ်​ကာ​ ​ဒေါသတကြီး​ပြော​နေ​ပါ​သောထယ်​​ဟျောင်း၏ဖခင်​ ။ ​စေတန်​သည်​​ခေတ္တာမျှ မသုန်​မမှုန်​စိုက်​ကြည့်​​နေသည်​ ။ ထို့​နောက်​ ..

"ရည်​ရွယ်​ချက်​​တော့ အဆုံးထိဆွဲချချင်​တာ"

"ဘာ !!"

"အန်ကယ်​​ကိုအသိတရားရ​စေချင်​တာပဲ"

ဦး​လေးဂင်​(မ်​)ဟာ တရှူးရှူးတရှဲရှဲဖြစ်​ကာ တစ်​ခုခုထပ်​​ပြောဖို့ဟန်​ပြင်​​နေချိန်​မှာပင်​ ​စေတန်​ကသူ့ဖုန်းကိုထုတ်​ကာ ပုံတစ်​ပုံကိုပြလာသည်​ ။ ထိုပုံကိုမြင်​မှ ဦး​လေးဂင်​(မ်​)၏လက်​သီးဆုပ်​များဟာ ​ပြေ​လျော့သွားရသည်​ ။

မျက်​နှာထက်​တွင်​ အထိုးခံထား​ရ​သောညိုမဲရာအချို့နှင့်​ နှစ်​ခြိုက်​စွာအိပ်​​ပျော်​​နေပါ​သော သူ၏သားဖြစ်​သူထယ်​​ဟျောင်း၏ပုံ​လေး ။ သူမျက်​နှာကွက်​ခနဲ​ ပျက်​သွားရ၏ ။

A MAN(SATAN'S DIARY)//KV[COMPLETED]Where stories live. Discover now