31 - 1

19.8K 1.3K 51
                                        

[Z]

ဧည့်​ခံဖို့အစားအစာအချို့ကိုအလျင်​အမြန်​​ပြေးဝယ်​လာ​သော ကလေးမ​လေးသည်​ ခြံထဲကိုဝင်​ရန်​ခြံတံခါးကိုလက်​လှမ်းလိုက်​​လေတုန်း ခြံ​စောင့်​ကအ​ပြေး​ရောက်​လာသည်​ ။

"​နေဦး ​နေဦး"

ဝင်​​တော့မည့်​စဲစဲ ​ရှေ့ကပိတ်​ရပ်​ကာ အတားခံလိုက်​ရသဖြင့်​ ​ကောင်​မ​လေးမှာ ​ကြောင်​​တောင်​​တောင်​ဖြစ်​သွားရှာလျက်​ ။ ခြံ​စောင့်​သည်​ မျက်​စိပျက်​ မျက်​နှာပျက်​လည်းဖြစ်​​နေ​သေးသည်​။

"ဘာဖြစ်​​နေတာလဲ အစ်​ကို"

"​သြော်​ ​အော .. အစ်​ကို​လေးကနင်​ဒီည​နေ ပြန်​ရင်​ပြန်​လိုက်​​တော့တဲ့ ဝယ်​လာတာ​တွေကိုလည်းငါ့ကို​ပေးသွားဖို့​ပြောခိုင်းထားလို့ ​ပေး ​ပေး အဲ့ပစ္စည်း​တွေငါ့ကို .."

ကြောင်​နန​လေးဖြစ်​​နေတဲ့အချိန်​မှာပင်​ လက်​ထဲကပစ္စည်းထုပ်​ကိုခြံ​စောင့်​အစ်​ကိုယူသွားပြီဖြစ်​သည်​ ။ ထို့​နောက်​ခြံတံခါးကိုပြန်​ပိတ်​​တော့ဖို့ လုပ်​​နေသည်​​ကြောင့်​ က​လေးမ​လေးဟာ အလျင်​အမြန်​ပင်​လက်​နဲ့တွန်းလိုက်​ရင်း

"ဟယ်​ .. ညီမကညစာအတွက်​လည်းဘာမှချက်​မထားခဲ့ရ​သေးဘူး အခုအစ်​ကို​လေးအိမ်​ထဲမှာပဲမလား ညီမ -"

"မရှိဘူး အစ်​ကို​လေးကခုနအစ်​ကိုနှစ်​​ယောက်​နဲ့ခဏအပြင်​လိုက်​သွားတယ်​ သူ့မိတ်​​ဆွေနှစ်​​ယောက်​ကမဆုံတာကြာပြီ မလို့ အပြင်​မှာတစ်​ခုခုလိုက်​​ကျွေးမလို့တဲ့"

က​လေးမ​လေးထပ်​၍ ​တွေ​ဝေသွားရပြန်​သည်​ ။ ထိုမိတ်​​ဆွေနှစ်​​ယောက်​ကသူ​ဌေး​လေးရဲ့မိတ်​​ဆွေ​တွေလို့သူ့ကို​ပြောခဲ့တာမဟုတ်​ပါလား ။ အခုဘယ်​က​နေဘယ်​လိုအစ်​ကို​လေးရဲ့မိတ်​​ဆွေဖြစ်​သွားရပြန်​တာလဲ ။ သူမ​တော်​​တော်​​လေး ​ကြောင်​စီစီဖြစ်​​နေမိသည်​ ။

"ကဲကဲ .. နင်​ဝင်​ယူစရာရှိ​သေးလို့လား ငါ့ကို​ပြောငါသွားယူ​ပေးမယ်​"

"ဟင့်​အင်​ မရှိဘူး အစ်​ကို"

"ဒါဆိုလည်းပြန်​စရာရှိတာပြန်​​တော့ လမ်းစရိတ်​ရှိတယ်​မလား ငါအိမ်​ထဲမှာပစ္စည်း​ရွှေ့စရာ​လေးရှိ​သေးလို့ သွား​တော့မယ်​"

A MAN(SATAN'S DIARY)//KV[COMPLETED]Where stories live. Discover now