[Z]
"မရပ်နဲ့ဦး ! ငါမင်းကိုစီးချင်လို့ !"
"အသဲ"
ကြောင်တောင်တောင်ဖြစ်သွားသော စေတန့်မှာ ထယ်ဟျောင်း၏စကားအတွက်မည်သို့မည်ပုံတုန့်ပြန်ရမလဲတောင်မသိတော့ချေ ။ ဒါကိုပင် ထယ်ဟျောင်းကသူ့စကားသူဘယ်ရောက်သွားမှန်းသဘောမပေါက်သေး ။
"ဆက်လုပ် .. ငါမင်းကျောပေါ်တက်မယ်"
"ဟင်"
ရုတ်တရက်ကြီးဖြစ်၍ ထယ်ဟျောင်းဒီလိုလုပ်ရတဲ့အကြောင်းအရင်းကိုစေတန်မတွေးတတ်ပါ ။ သို့ပေမယ့်သူကြောင်တောင်တောင်ဖြစ်ဖို့ပင်အချိန်မရလိုက် ။ ကျောပေါ်ကိုတက်လာသော အလေးချိန်တစ်ခုကြောင့် လက်တွေရော ၊ ခြေထောက်တွေရောမှာ အားပိုထည့်၍တောင့်ထားလိုက်ရသည် ။
"ရပြီ ဆက်လုပ်"
"အင်းး !"
မသက်မသာထွက်လာသောစေတန့်ရဲ့မာန်သွင်းသံကို ထယ်ဟျောင်းကတော့အကျေနပ်ကြီးကိုကျေနပ်နေသည် ။ ထို့အပြင် တစ်ဖက်မှသူတို့အခြေအနေကိုလှမ်းကြည့်နေသော အဲ့ဒီအမျိုးသမီးကိုလည်းမျက်စောင်းတစ်ချက်ပစ်ကျွေးလိုက်လေရာ သူမ မှာ ပေါက်ကွဲတော့မည့်ချိန်ကိုက်ဗုံးလို မျက်နှာတစ်ခုလုံးနီရဲလာ၏ ။
"အားး !"
စေတန့်ဆီကမာန်သွင်းသံတစ်ချက်ထပ်ထွက်လာတော့မှ ထိုအမျိုးသမီးဆီကနေအကြည့်လွှဲလိုက်သည် ။ ပြီးမှ သူစေတန့်ကိုအပေါ်စီးကနေငုံ့ကြည့်မိသည် ။
စွပ်ကျယ် လက်ပြတ်ကိုဝတ်ထားတာဖြစ်၍ စေတန့်ရဲ့လက်မောင်းကြွက်သားတွေမှ အကြောအမြှောင်းမြှောင်းထင်းနေသည်မှာ ရင်တုန်စရာပင် ။ ထို့အပြင်သူတက်ထိုင်ထားသောကျောပြင်ကြီးမှာလည်းယခုဆိုကြွက်သားအဖုအထစ်တွေပိုထွက်လာလေပြီ ။
ဦးခေါင်းနောက်ဘက်ကဆံပင်တွေမှာလည်းချွေးတွေစိုရွှဲလို့။ အဲ့လောက်ကြည့်ကောင်းနေမှတော့ အဲ့ဒီ့လိုလူမျိုးတွေကများပြီပေါ့ ၊ အလကား ပဲကလည်းများသေးတဲ့သူ !