[Z]
ကျောင်းကစားကွင်း၏ လူရှင်းနေသော ဒန်းလေးဘေးတွင် ပုံ့ပုံ့လေးထိုင်နေသော ကလေးငယ်လေးတစ်ဦး ။ အနက်ရောင်ဆံပင်အုပ်အုပ်လေးတွေရယ် ပါးဖောင်းဖောင်းလေးရယ်နှင့် ထိုကောင်ကလေးဟာအလွန်ချစ်ချင်စရာကောင်းလွန်းသည် ။ ဝမ်းနည်းရိပ်သမ်းနေသောမျက်နှာလေးနှင့် သဲပြင်ပေါ်ကိုသာစိုက်ငေးနေရင်း မျက်နှာလေးမှာလည်းငိုမဲ့မဲ့ ။
ထို့စဉ် သူ့နာမည်ကိုလှမ်းခေါ်၍စကားလှမ်းပြောကြသံများထွက်ပေါ်လာသည်။
"ဟေ့ကောင် အီသန်"
"မင်းဘာလုပ်နေတာလဲ"
ထိုအသံတွေရဲ့ပိုင်ရှင်တွေအီသန်သိသည် ။ သူ့အလိုလိုကျုံ့ဝင်သွားမိတဲ့ခန္ဓာကိုယ်လုံးလုံးလေး ။
ခုနကအသံတွေရဲ့ပိုင်ရှင်တွေဟာ သူထိုင်နေတဲ့ရှေ့တည့်တည့်လာရပ်ကြသည်အထိ အီသန်မော့မကြည့်မိပါ ။ ဒီအစ်ကိုနှစ်ယောက်ဟာ ၄ တန်းကဖြစ်ပြီး သူ့ထက်အတန်းရော လူကောင်ရောကြီးကြပါသည် ။ အနိုင်ကျင့်တတ်သူတွေဆိုတာအီသန်သိတာမို့ စကားပြောချင်စိတ်မရှိ ။
"အီသန်..ငါ့ကိုမုန့်သွားဝယ်ပေးပါလား"
"ငါ့အတွက်က ပေါင်မုန့်နဲ့နို့နဲ့"
အီသန်ဘာမှပြန်မဖြေတာတောင်ထိုကိုကိုနှစ်ဦးက ထွက်မသွားသေးဘဲ အီသန့်ရှေ့ကိုပါ ပိုက်ဆံတွေပစ်ချပေးကာပြောလာသည် ။အီသန်စိတ်ဆိုးလာတာကြောင့် ထိုနေရာတွင်ထိုင်မနေတော့ဘဲ ထထွက်လာလိုက်လျှင်..
"စောက်ကလေးလေး! ငါတို့ပြောတာကိုမကြားဘူးလား"
အီသန့်ကိုဆဲသည်ကြောင့် အီသန်ပြန်လှည့်ကြည့်လိုက်သည် ။ နဂိုကမှဝမ်းနည်းနေပါတယ်ဆိုမှ အနိုင်ကျင့်တဲ့သူတွေနဲ့တိုးတော့ အီသန်ငိုချင်လာပါသည် ။
"မငိုနဲ့ ..မင်းငိုရင်ငါတို့ကရိုက်မှာ"
သူတို့ဆူတော့ပိုငိုချင်သည် ။ နီရဲရဲနှုတ်ခမ်းလေးဟာ တဖြည်းဖြည်းမဲ့မဲ့လာပြီး နောက်ဆုံးအီသန်မျက်ရည်တွေကျလာတော့သည် ။
"မင်းကိုမငိုနဲ့လိုပြောနေတယ်"
"အိ့!"
ကိုကိုတစ်ဦးကအီသန့်ကိုဆောင့်တွန်းသဖြင့် အီသန့်မှာဖင်ထိုင်လျက်လဲသွားရသည် ။ ကျလာတဲ့မျက်ရည်တွေမှာမရပ်တန့်တော့ချေ ။
![](https://img.wattpad.com/cover/312445051-288-k177159.jpg)