31 - 2

19.3K 1.3K 47
                                    

[Z]

အစည်းအ​ဝေးပြီးပြီးချင်းဖုန်းကိုတစ်​ချက်​ကြည့်​မိ​တော့ မြင်​လိုက်​ရသည်​ကထူးဆန်းသည့်​မက်​​ဆေ့ခ်ျ​တစ်​​စောင်​ ။

မင်းမိတ်​​ဆွေ​တွေအိမ်​မှာ​ရောက်​​နေတယ်​ ?

သူ့ဆီကိုဘယ်​​မိတ်​​ဆွေကများလာတာပါလိမ့်​ ၊ ယူဂ​ယောင်းနှင့်​အွန်းဝူကိုတစ်​ချက်​သတိရသွား၍ ဖုန်းလှမ်းဆက်​ကြည့်​​လိုက်​ရာ နှစ်​​ယောက်​လုံးကသူ့အလုပ်​နဲ့သူ​တောင်​မအားကြ ။ စိတ်​ထဲတွင်​​လေးပင်​လာ၍ ဘာမှ​ထွေ​ထွေထူးထူး​တွေး​မ​နေ​တော့ဘဲ အလုပ်​​တွေကိုချယ်​​ယောင်းနဲ့​လွှဲထားခဲ့လိုက်​ကာ အိမ်​ပြန်​လာခဲ့လိုက်​​တော့သည်​ ။ လမ်းတွင်​လည်းထယ်​​ဟျောင်းကိုဖုန်း​တွေဆက်​ကြည့်​​ပေမယ့်​ မကိုင်​​ချေ ။ အိမ်​ဖုန်းကိုဆက်​ကြည့်​​တော့လည်းထိုနည်း၎င်းပင်​ ။ အိမ်​အကူကဘယ်​​ရောက်​​နေတာလဲ ဆိုတဲ့စိတ်​နဲ့ ​ဒေါသပါထွက်​လာသည်​ ။

ပြီးမှအလုပ်​ခန့်​တုန်းက​ရထား​သော အိမ်​အကူ၏လက်​ကိုင်​ဖုန်းကိုဆက်​လိုက်​​တော့မှ ဖုန်းကိုင်​သည်​ ။

"မင်းအခုအိမ်​မှာလား"

'ရှင်​ .. မ မဟုတ်​ဘူးသူ​ဌေး​လေး အစ်​ကို​လေးကပြန်​​ခိုင်းလို့ အခုအိမ်​​တောင်​​ရောက်​​နေပြီ​ရော်​'

"ဘာ .. !"

ဖုန်းထဲ​အာ​မေဋိတ်​သံ​ကြောင့်​ အိမ်​အကူမ​လေး​ခမျာ လန့်​ဖြန့်​သွားရှာရ​သေးသည်​ ။

'ဟို .. ညီမ​ကို ခြံ​စောင့်​အစ်​ကိုက​ပြောလိုက်​တာ အစ်​ကို​လေးက ပြန်​ခိုင်းတယ်​ ပြန်​​တော့ဆိုလို့ ညီမလည်း အိမ်​ပြန်​လာခဲ့လိုက်​တာပါ သူ​ဌေး​လေး '

"အင်း အင်း !"

ဖုန်းကိုချပြီးသည့်​​နောက်​ ကားကိုအရှိန်​ပိုမြှင့်​လိုက်​သည်​ ။ ဒါဟာဘယ်​လိုမှ​သွေးရိုးသားရိုးမဖြစ်​နိုင်​​ချေ ။ တစ်​ခုခု​တော့ မှား​နေတာ​သေချာ​နေ​လေပြီ ။

ခြံ​ရှေ့ကို​ရောက်​​တော့ အစကဟွန်းတီးမလို့​ပေမယ့်​ ခြံ​စောင့်​ကို​မ​တွေ့သည်​​ကြောင့်​ လက်​ကိုအရှိန်​သတ်​လိုက်​ရသည်​ ။ ကားကိုခြံ​ရှေ့မှာတင်​ရပ်​ခဲ့လိုက်​ပြီး​နောက်​ ​ခြေလှမ်းကျဲများ၏ ဦးတည်​ရာဟာ အိမ်​ထဲကိုဖြစ်​သည်​ ။ အိမ်​ထဲကိုဝင်​ဝင်​ချင်းမှာပင်​ ​စေတန့်​မျက်​ခုံး​တွေကိုတွန့်​ချိုးသွား​စေ​သောအရာကား ​လှေကားတွင်​ရပ်​​စောင့်​​နေ​သောခြံ​စောင့်​ပင်​ဖြစ်​သည်​ ။

A MAN(SATAN'S DIARY)//KV[COMPLETED]Where stories live. Discover now