[Z]
ကျယ်ဝန်းလှသော ခြံဝန်းကြီးထဲအဆင့်အတန်းမြင့်မြင့်
လူတန်းစားများဟာ ကိုယ့်နေရာနဲ့ကိုယ် နေရာအသီးသီး ။
ခြံကြီး၏ရှေ့တွင်လည်း ဈေးကြီးပေးဝယ်ရသော
ကားအမျိုးအစားပေါင်းများစွာဟာတန်းစီနေလျက် ။မွေးနေ့ရှင်ဂင်(မ်)ယူဂယောင်းသည် ကြွရောက်လာသော
အသိမိတ်ဆွေများကိုလည်း ဧည့်ခံနေရင်း မိမိ၏သူငယ်ချင်း အရင်းကြီးနှစ်ယောက်ကိုလည်း စောင့်ဆိုင်းနေသည် ။
သိပ်မကြာလိုက်ခင်မှာတင် အဖြူရောင်အရည်အသွေး
မြင့်မြင့်ကားတစ်စီးကဆိုက်ရောက်လာကာ သူသည်လည်း
ထိုကားဆီကိုအပြေးလေးသွားရင်း သူငယ်ချင်းဖြစ်သူ
ချာအွန်းဝူကိုစီးကြိုလေသည် ။"နောက်ကျလိုက်တာကွာ"
ကားပေါ်ကဆင်းလာသော အွန်းဝူအား
ပခုံးမှဖက်ကာ ပြောလိုက်တော့ အွန်းဝူက
မျက်စောင်းထိုးကြည့်လာကာ ၊"ငါ့ကိုနောက်ကျတယ်ပြောနေ
ဟိုကောင်စေတန်ရော ရောက်ပြီလား""အေး သူလည်းမရောက်သေးဘူး
လာနေပြီလို့တော့ပြောတာပဲ ရောက်လာတော့မှာ""မွေးနေ့လက်ဆောင်မပါဘူး"
"အဲ့ဒါဆိုဘာမှမစားနဲ့"
သူငယ်ချင်းနှစ်ယောက် တစ်ယောက်တစ်ပေါက်
စ နေ နောက်နေကြလေသည် ။ ထိုစဉ်မှာပင်
ကြားလာရသည့် ကားသံတွေနှင့်အတူ ခြံထဲရှိ
လူအချို့၏အာရုံများသည်လည်း ထိုကားသံများ
ထွက်ပေါ်လာရာဆီကို ရောက်ရှိကုန်ကြသည်။မှောင်မိုက်နေတဲ့ပတ်ဝန်းကျင်တွင် ကားမီးများဟာ
ခင်းကျင်းဝင်ရောက်လာကာ အရှိန်အဝါတစ်ခုဟာလည်း
ဖိတ်ဖိတ်တောက်နေလျက် ။ အေးမြမြရာသီဥတုနှင့်
ညခင်းတွင် ထိုအရှိန်အဝါကကြက်သီးပင်ထချင်စရာ ။ကြည့်နေတုန်းမှာပင် ပြောင်လတ်နေသော
အနက်ရောင်ကား ၅ စီးသည် ပွဲကျင်းပရာ
ခြံဝန်း၏ရှေ့သို့ တစ်စီးပြီးတစ်စီး ဆိုက်ရောက်
လာကြလေသည် ။အားလုံးဟာ စိတ်ဝင်စားစွာ
ကြည့်နေကြပေမယ့် ယူဂယောင်းကတော့နဲ့
အွန်းဝူကတော့ တစ်ယောက်မျက်နှာတစ်ယောက်
ကြည့်ကာသာ မချိုမချဉ်မျက်နှာပေးလုပ်နေကြ၏ ။