[Z]
တီရှပ်ကိုဆွဲချွတ်လိုက်ပြီဖြစ်သော စေတန့်ကြောင့် ကုတင်ပေါ်တွင်ပတ်လက်အနေအထားလေးနှင့်ရှိနေသော ထယ်ဟျောင်းမှာ ထထိုင်မိတော့မတတ်တောင်ဖြစ်သွားသည် ။ ထို့သော် မျက်စိလျင်သူဂျွန်စေတန်က အပေါ်သို့ထပ်မံကာ အုပ်မိုးလာသည်ကြောင့် လှုပ်ဖို့ပင်အချိန်မမှီလိုက်ချေ ။
"စေ .. စေတန် မင်းနော်"
"ဘာဖြစ်လို့လဲ ကိုယ်စခဲ့တဲ့ဇာတ်လမ်းကိုကိုယ်ပဲ
အဆုံးသတ်ရမှာမဟုတ်ဘူးလား ထယ်ဟျောင်း"လူကိုစေ့စေ့ကြည့်ရင်းပြောလာသောလေသံမှာခပ်ရှရှဖြစ်သလို ဆွဲဆောင်မှုရှိလွန်းလှ၍ အရာရာလိုက်လျောချင်စရာကောင်းနေသော်လည်း ထယ်ဟျောင်းကတော့ ခေါင်းတစ်ခါခါသာဖြစ်နေလေသည် ။
"ဗိုက်ထဲမှာကလေးရှိတယ် မရ .. မရဘူး"
ဒီကိစ္စတွေနှင့်ပတ်သက်ရင်စေတန်ဟာသူ့စကားကိုနားထောင်ခဲ့သည်ကခပ်ရှားရှား ။ အခုလည်းထယ်ဟျောင်းပြောသည်အား နှုတ်ခမ်းတွန့်ရုံမျှပြုံးပြီး ..
"အခုမှရှောင်လွှဲချက်တွေလာပေးမနေနဲ့။ ကိုယ်မကြိုက်ဘူး ပြီးတော့ကလေးအတွက် ဘာမှစိတ်မပူဘဲ ကိုယ့်ကိုယုံ"
"စေ .. မင်းကတော့"
ဘယ်လိုမှတားမရတဲ့အဆုံး ထယ်ဟျောင်းကိုယ်လုံးလေးပေါ်က အဝတ်တွေလည်း မွေ့ရာပေါ်တွင်ပြန့်ကြဲကုန်တော့သည် ။ ယို့ယွင်းနေသောဘောင်းဘီလေးနှင့် အပေါ်ပိုင်းဗလာဖြစ်သွားသောထယ်ဟျောင်း၏ရင်ဖက်လေးဟာ နိမ့်ချည်မြင့်ချည် ။ သူတို့နှစ်ဦးအတူမနေဖြစ်တာ တစ်ပတ်လောက်တော့ရှိလေပြီထင်သည် ။
ဝေးကွာနေသောအထိအတွေ့တွင်ထယ်ဟျောင်းရင်ခုန်သံတွေဟာအစိုးမရတော့ချေ ။
"စေ .. စေတန် ဂျောင်ဂု !"
ခါးသိမ်သိမ်လေးကိုပွတ်သပ်နေသောလက်ဖဝါးတွေနှင့်အတူ နှုတ်ခမ်းပါးတစ်စုံဟာလည်း ထယ်ဟျောင်း၏ဗိုက်သားလေးပေါ်မှာတစ်ရွေ့ရွေ့သွားလာနေလေပြီ ။ ထယ်ဟျောင်းလက်ဖဝါးလေးများသည် စေတန့်ပခုံးကိုကိုင်ထားလျက်..အောက်နှုတ်ခမ်းကိုခပ်ဖွဖွကိုက်ထားရသည် ။