[Z]
ယောက်ျားတစ်ယောက် ။
အဲ့ဒီ့ယောက်ျားတစ်ယောက်က
ကျနော့်ဘဝတစ်ခုလုံးကို ချုပ်ကိုင်
ချည်နှောင်ထားခဲ့တယ်...။********************
'ဒုန်း'
မိမိစာရေးစားပွဲပေါ်ကိုအားပါပါဆောင့်ချလာတဲ့
လက်ဖဝါးတစ်ခုကြောင့် ဂျွန်ဂျောင်ဂုစာရေးနေရာမှ
မျက်လုံးကိုတစ်ချက်အပေါ်လှန်ကြည့်လိုက်သည်။ကျောင်းယူနီဖောင်းအပြည့်နဲ့ ဆံပင်ငွေရောင်
ခပ်ကြေကြေတွေရှိသော မျက်နှာချောချောနဲ့ ထိုသူသည်
သူ့အားဒေါသမီးတောက်လောင်နေသော
မျက်လုံးတစ်စုံဖြင့်စူးစိုက်ကြည့်နေလေ၏ ။သူတို့နှစ်ယောက်၏အခြေအနေကိုဘေးမှာရှိနေသော
ကျောင်းသားကျောင်းသူများကလည်းကြည့်ကာ
တီးတိုးပြောဆိုနေကြပေမယ့် ပေါ်ပေါ်တင်တင်တော့
ဘာတစ်ခွန်းမှမဟရဲကြ ။ဂျွန်ဂျောင်ဂု (ခေါ်) ဂျွန်စေတန် နဲ့
ဂင်(မ်)ထယ်ဟျောင်းဆိုတာ မျိုးကြီးရိုးကြီး
အရှိန်အဝါတွေနဲ့သူတွေမို့ သူတို့
ဘာမှစကားဝင်မရှည်ရဲကြပါ ။"မင်းလုပ်တာမလား ဂွမ်ဂျာရဲ့ခုံထဲက
စာရွက်ကို မင်းထည့်ထားတာမလား ဟမ် ! "ဒေါသတစ်ကြီးနှင့်အော်ပြောနေသော်လည်း
လူကိုအေးတိအေးစက်ဖြင့်ပြန်ကြည့်နေတဲ့
ဂျောင်ဂုကြောင့် ထယ်ဟျောင်း ဒေါသတွေ
ထွက်ပြီးရင်းကိုထွက်နေတော့သည် ။ဂျောင်ဂုက ဘာမှမပြောဘဲ ခေါင်းကိုပြန်ငုံ့ကာ
စာဆက်လုပ်နေလျှင် ထယ်ဟျောင်းဒေါသတွေ
ငယ်ထိပ်ကိုတက်ဆောင့်ကုန်တော့သည် ။ဂျောင်ဂုရေးနေသောကျောင်းစာအုပ်အား
ဆွဲယူကာ အဝေးကိုဆွဲယူလွှင့်ပစ်လိုက်သည် ။ထိုအခါမှဂျောင်ဂုသည်ဝုန်းကနဲထရပ်လိုက်ကာ
"မင်းလွန်မလာနဲ့"