[Z]
ရေချိုးခန်းထဲမှထွက်လာသော ဂျောင်ဂုသည်
ပုဝါတစ်ထည်ဖြင့် အရယ်အပြုံးရယ်လို့မရှိသော
သူ့မျက်နှာအားရေသုတ်နေသည်။ ထို့နောက်
ကုတင်ပေါ်တွင်အဆင်သင့်ထုတ်ထားသော
ကျောင်းဝတ်စုံဆီလျှောက်လာလိုက်ကာ
အကြောစိမ်းတို့ယှက်ဖြာနေသော လက်ဖြင့်
ကောက်ယူလိုက်သည် ။ဒီနေ့တော့အရင်ကလို ပျင်းစရာကောင်းစွာ
စာတွေချည်းသွားလုပ်ရန် မဟုတ်ပါဘဲ
တစ်စုံတစ်ယောက်၏အခြေအနေကိုလည်း
စိတ်ဝင်စားနေမိသည် ။ မနေ့ကညနေက
သူ့အပြုအမူကြောင့် ဒင်းဘယ်လိုဖြစ်နေမလဲ ။ကျောင်းတောင်လာပါ့မလားလေ ။ သေချာတာကတော့
ဂင်(မ်)မျိုးရိုးရဲ့တစ်ဦးတည်းသော သခင်လေး ဖြစ်တဲ့
ထယ်ဟျောင်းကိုမှ သူဒီလိုလုပ်ခဲ့တာမို့ ပြဿနာကတော့
ပေါ့သေးသေးလေး ဖြစ်နေမည်မဟုတ်ပါ ။သို့ပေမယ့် ထယ်ဟျောင်းအရှက်အကြောက်
တအားကြီးတာဆိုတဲ့အချက်ကိုလည်းလျစ်လျူရှုလို့မရ။ဒီကိစ္စသာထယ်ဟျောင်းတစ်ယောက်ယောက်ကို
ပြန်တိုင်ခဲ့ပါလျှင် သူတင်မက ထယ်ဟျောင်းလည်း
အနည်းနဲ့အများတော့အရှက်ရနေရလိမ့်မည် ။
ကြိုတင်ခန့်မှန်းလို့မရတာမို့ ဖြစ်လာသမျှကိုသာ
ရင်ဆိုင်ဖို့ဆုံးဖြတ်ထားသည် ။ဒုံဂွမ်ဂျာကိုဂျောင်ဂုကြည့်မရတာ အရင်
နှစ်တွေကတည်းကဖြစ်သည်ဆိုသော်လည်း
ဒုက္ခပေးဖို့တော့ရည်ရွယ်ချက်မရှိဖူးချေ။
ဒီနှစ် ထယ်ယောင်းရောက်လာပြီးခါမှ ဂျောင်ဂု ဂွမ်ဂျာကို
ကြည့်မရမှုတွေကတစ်နေ့တစ်ခြားပိုဆိုးလာသလိုပင်။ဒီနှစ်မှကျောင်းပြောင်းလာသော ထိုရုပ်ချောချောနှင့်
အလှပဂေးကောင်လေးသည် ရက်ပိုင်းအတွင်း
ကျောင်း၌နာမည်ကြီးသွားသည် ။ ဆွေကြီးမျိုးကြီး
ဖြစ်တဲ့သူနှင့် ယှဉ်ရလောက်တဲ့အထိလည်းချမ်းသာ၏။
