[Z]
အခန်းထဲရောက်သည်အထိ လက်ဖျားလေးများ
အေးနေသေးသူလေးကြောင့် စေတန့်စိတ်ထဲက
တနုံ့နုံ့ဖြစ်နေသည် ။ ကျောင်းတုန်းကတည်းက
ထယ်ဟျောင်းကဖခင်ကိုကြောက်တတ်ကြောင်း
နားစွန်နားဖျားကြားဖူးပေမယ့် အဲ့တုန်းက
ဂရုလည်းမစိုက်မိသလို ကိုယ်နဲ့လည်းမဆိုင်ဟု
တွေးထားခဲ့သည်လေ ။ အခုတော့ သူဟာ
ကိုယ်နဲ့ဆိုင်နေလေပြီ ။ သူများသားအဖကြား
သွေးဝင်ခွဲသည်မဟုတ်ပေမယ့် ထယ်ဟျောင်းကို
အခုချိန်မှာဒီလိုမျိုးကြောက်မနေစေချင်ပါ ။အခုဆိုသူ့၏ဖခင်ကအိမ်ထောင်ရေးဖောက်ပြန်နေသူတစ်ဦး။
အမှားလုပ်ထားသူကို အပြစ်ပေးဖို့မလုပ်နိုင်ဘူးဆိုရင်တောင် ဒီလိုမျိုးကြောက်လန့်ပြနေစရာမလို ။သူကတော့ ထယ်ဟျောင်းကို ထိပ်တိုက်ဖြေရှင်းစေချင်မိ၏။
"ထယ်ဟျောင်း ကိုယ့်ကို ကြည့်စမ်း"
မျက်နှာလေးကိုအုပ်ကိုင်ပြီး အကြည့်ချင်းဆုံစေလေတော့
မျက်ဝန်းလေးသည် အရည်ကြည်များဝေ့ဝဲနေသည် ။"ငါဘယ်လိုလုပ်ရမလဲ စေတန်
ငါ့မိသားစုတကွဲတပြားဖြစ်မှာ ငါမလိုချင်ဘူး""အင်း အင်း သိတယ်"
စိတ်ထိခိုက်လွယ် ၊ ဝမ်းနည်းလွယ်သူလေးကို
သူလည်းလောလောဆယ်တော့ဘယ်လိုပြောရမလဲ
ဆိုတာတောင် မသိတော့ပါ ။ ရင်ခွင်ထဲကိုဆွဲသွင်းလိုက်ပြီး
ကျောပြင်လေးကိုသာ ပွတ်သပ်ပေးလိုက်သည် ။"ဒါပေမယ့်တစ်ခုတော့သိထား
အခုကစပြီး ကိုယ်ကမင်းရဲ့လူပဲ ။
အဲ့တော့ဘာပဲဖြစ်ဖြစ် တစ်ယောက်တည်း
ကြိတ်ခံစားနေတာမျိုးမလုပ်နဲ့ ရင်ဖွင့်ရမယ်""အင်း.."
အခြေအနေတစ်ခုကိုလည်းရောက်ရှိပြီးတဲ့အပြင်
စေ့စပ်ပြီးကြသူနှစ်ဦးဖြစ်သည့်တိုင် ရည်းစားအဆင့်ကို
မရောက်သေးတဲ့ သူတို့အခြေအနေကိုတွေးမိတော့
စေတန့် စိတ်ထဲ တစ်ခုခု လိုနေသလိုလို ။