[Z]
' ခွမ်း..! '
စားပွဲပေါ်မှ ဝိုင်ပုလင်းများနှင့်ဖန်ခွက်များသည်
ရစရာမရှိအောင် ကြမ်းပြင်ပေါ်တွင်ကြေမွလျက် ၊
ထိုကြေမွသွားသောဖန်ကွဲစများအပေါ် အရုပ်ကြိုးပြတ်
ဒူးထောက်ချလိုက်သော အမျိုးသားသည်လည်း
နာကျင်ရကောင်းမှန်းသိပုံမပေါ် ။ သူသည် အာခေါင်ကို
ခြစ်၍ပင် အော်ငိုနေလေသည် ။ခပ်လှမ်းလှမ်းရှိစားပွဲလေးပေါ်မှ ထောင်ထားသော
ဓာတ်ပုံထဲရှိမိခင်ဖြစ်သူ၏အပြုံးကို သူ မကြည့်ဝံ့ ။သူ့ဘဝမှာဆုံးရှုံးစရာကုန်ချေပြီ ၊
ဘယ်ကစမှားတာလဲ သူမသိဘူး ။
သူ့စိတ်ထဲမှာ ယခုကိန်းအောင်းနေသည်က
အမုန်းတရားတစ်ခုတည်းသာဖြစ်၏ ။**************************
အမှောင်ထုဟာ ဆိုးလ်မြို့၏ညခင်းအား
အဖော်ပြုနေလျက် ၊ ကားလမ်းမပေါ်တွင်
တစ်ရိပ်ရိပ်သွားနေသော ဈေးကြီးကြီး
အနက်ရောင်ကားတစ်စီးအတွင်းရှိ ယောက်ျားပျိုက
ပွဲအခမ်းအနားတစ်ခုသို့တက်ရန် ပြင်ဆင်ဖို့အတွက်
ကြို၍ဖုန်းဆက်ထားပြီးသော အဝတ်အစားဆိုင်ကို
ဦးတည်နေတာဖြစ်သည် ။ယူဂယောင်းရဲ့မွေးနေ့အခမ်းအနားကိုသွားရမှာဖြစ်၏ ။
သူငယ်ချင်းအရင်းကြီးဆိုသော်လည်း ဘယ်နေရာနေနေ
အနေအထိုင် ၊ ဝတ်စားဆင်ယင်မှုကသိပ်အရေးပါသည်လေ။
အိမ်မှာသူလာခေါ်တာကိုစောင့်နေမည့် တစ်စုံတစ်ယောက်
အတွက်လည်း ဝတ်ရမည့်အဝတ်အစားကိုစီစဉ်၍
ပို့ပေးထားပြီးပြီဖြစ်သည် ၊ သူကတော့အခု ကုမ္ပဏီက
အပြန် အဝတ်ဆိုင်ကိုသွားနေခြင်း ။ သူပြင်ဆင်ပြီးမှ
အိမ်ကိုပြန်၍ ထယ်ဟျောင်းကိုဝင်ခေါ်မည်လေ ။သူပို့ပေးထားသော ဝတ်စုံလေးဟာရိုးရှင်းပေမယ့်
ထယ်ဟျောင်းဝတ်လိုက်လျှင်မည်မျှလိုက်ဖက်နေမလဲ ။
ခဲရောင်ပိုးသားအိအိလေးနဲ့ချုပ်ထားသော ရှပ်အင်္ကျီ
လက်ရှည်လေးရှိတောက်ပနေမည့်အရောင်ဟာ
ထယ်ဟျောင်းရဲ့ကိုယ်လုံးလေးပေါ်ရောက်လျှင်ရော
ဆက်၍တောက်ပနေနိုင်ပါ့မလား ၊ ခါးတစ်ဝိုက်တွင်
ပလက်တီနမ်နဲ့လုပ်ထားတဲ့ကြိုးလေးနှစ်ကြောင်း
ပါဝင်သည့် အနက်ရောင်ဘောင်းဘီရှည်ဟာလည်း
သွယ်လျတဲ့ခြေတံတွေပေါ်မှာ နေရာယူဦးမည်ဆိုတာကို
စေတန်တွေးမိတဲ့အခါ သက်မဲ့အရာဝတ္ထုတွေကိုအစ
သူမနာလိုဖြစ်မိပြန်သည် ။ ထို့အပြင် ကောက်ကြောင်း
လှသူလေးမို့ ဘောင်းဘီ၏နောက်ဘက်တစ်နေရာတွင်
ပြည့်ဖောင်းနေမည်ဖြစ်ကြောင်းပါအတွေးရောက်မိတော့ ၊