[Z]
ကုတင်ပေါ်တွင် လက်ဂေ့(ဂ်ျ)တစ်လုံးထဲကိုအဝတ်တွေစီထည့်နေသောထယ်ဟျောင်းသည် ဘာလိုသေးလဲ ဆိုသောမျက်နှာပေးလေးဖြင့် တစ်ချက်တစ်ချက်တန့်သွားတတ်သေးသည် ။ အချိန်ကားည ၉ နာရီထိုးတော့မည် ။ စေတန့်အတွက်အဝတ်အစားတွေနဲ့ သူ့အဝတ်အစားတွေကတော့ အဆင်ပြေသလောက်ဖြစ်နေပြီဖြစ်ပြီး လိုနေသေးတာက ဗီတိုအတွက်ဖြစ်သည် ။ သူတို့ကမနက်ဖြန်မနက်လေယာဉ်နှင့် စပိန်ကအဖိုးဆီပြန်ကြမည်လေ ။ အဖိုးကလည်းသူ့မြစ် ကျောင်းပိတ်တာနဲ့လာလည်ဖို့ကို ဖုန်းပြောဖြစ်တိုင်းအမြဲတမ်းမှာနေတာ ။ အခုဗီတိုက ကျောင်းပိတ်ရက်ရှည်ရပြီဖြစ်သည်ကြောင့် သွားလည်ဖို့စီစဉ်ဖြစ်သွားသည် ။
'ဂျောက်'
ရေချိုးခန်းထဲကထွက်လာသောစေတန်က bathrobe တစ်ထည်နှင့်ဖြစ်ကာ ပုဝါတစ်ပိုင်းနှင့်လည်းမျက်နှာကရေတွေကို သုတ်နေသည် ။ ရေပြောင်သွားတော့မှ ထိုပုဝါကိုပခုံးပေါ်တင်ရင်း ကုတင်ပေါ်တစောင်းလေးထိုင်နေသောထယ်ဟျောင်းတွေ့လျှင် နှုတ်ခမ်းပါးတို့ဟာအလိုလိုကွေးညွှန့်သွားသည် ။
အဝတ်ဗီဒိုဆီသွား၍ ညအိပ်ဝတ်စုံတစ်စုံထုတ်လိုက်ရင်း ထယ်ဟျောင်းဖက်ကိုလှည့်လိုက်၍ စကားဆိုလိုက်သည် ။
"မပြီးသေးဘူးလားအသဲရယ် .. အဲ့လောက်ဆိုရပါပြီ"
နူးညံ့သောလေယူလေသိမ်းနှင့်ဆိုလေသော် ထယ်ဟျောင်းက ခေါင်းရမ်းသည် ။ ထို့နောက်အလိုမကျသောမျက်နှာလေးဖြင့် သူ့ကိုပြန်မော့ကြည့်ကာ ..
"သားကပူတတ်တယ် .. သူ့အတွက်အင်္ကျီပါးတာလေးတွေထပ်ထည့်ရင်ကောင်းမလားလို့လေ"
"ရာသီဥတုကအဲ့လောက်မပူပါဘူးကွာ ။ ပြီးတော့ အဖိုးတို့ဆီမှာတောင်အရင်အခေါက်တွေသွားတုန်းက ကျန်နေခဲ့တဲ့သားအင်္ကျီတွေမှအများကြီးကို ။"
"မဖြစ်သေးပါဘူး အဲ့ဒါတွေကသေးချင်သေးသွားမှာပေါ့ နေဦး။ သားအခန်းထဲထပ်သွားရှာလိုက်ဦးမယ်"
အိမ်ထောင်သက်တမ်းလေးရှိလာပြီဖြစ်သလို ခဏတွင်းချင်းမှာပဲမိဘဆိုတဲ့ရာထူးကိုရောက်လာခဲ့ကြသောသူတို့နှစ်ဦးရဲ့ အသိုက်အမြုံလေးဟာ အတော်မှနွေးနွေးထွေးထွေး ။ သို့ပေမယ့် အချိန်တွေဘယ်လောက်ကြာကြာ တစ်ဦးပေါ်တစ်ဦးထားတဲ့ချစ်ခြင်းမေတ္တာတွေမှာတော့ ဟောင်းနွမ်းသွားသည်ဟု မရှိဘဲနေ့ရက်တိုင်းမှာသစ်လွင်တောက်ပနေလျက်ရှိသည်။