ရိဖန်တယောက် သူမြင်နေရတဲ့မြင်ကွင်းကြောင့် နှလုံးခုန်သံတွေဟာ အနည်းငယ်ကျယ်လာပြီး တုန်ခါခဲ့တာပေါ့..
သူက ကြာပန်းနတ်သားလေးလား ချစ်ဖို့ကောင်းလိုက်တာ..ချင်းယာ အဆောင်ထဲရောက်ရောက်ချင်း..သူ့ရဲ့ ကြာပန်းတွေ အပြည့်နဲ့ ရေတံခွန်ဘေးက ကျောက်တုန်းပေါ်ထိုင်နေရင်း စီးဆင်းလာတဲ့ရေကြောင် မျက်နှာပေါ်မှာ ရေစက်လေးများကပနံသင့်စွာနေရာယူနေပြီး ဝတ်ရုံကိုထူးအထိမထားကာ ခြေသလုံးသွယ်သွယ်လေးကိုလည်းရေစိမ်ထားရင်း သီချင်းလေးညီးနေမိတယ်......
သီချင်ဆိုနေရင်း သူ့ရဲ့အပေါ်ဝတ်ရုံတစ်ထပ်ကိုချွတ်ချလိုက်တဲ့အခါမှတော့ သူ့အလှဟာ အရာရာကိုဆွဲဆောင်နေပါတော့တယ်...ရိဖန်တယောက် သီချင်းဆိုနေသူလေးအားငေးရင်းဝတ်ရုံတစ်ထပ်ချွတ်ချလိုက်သော နတ်သားလေးကြောင့် အမြဲတမ်းအေးစက်နေသောသူ့မျက်နှထက် အပြုံးလေးတစ်ခုက နေရာယူထားပါတော့တယ်...
ပါးစပ်မှလည်း...
မင်းက ကိုယ့်အပိုင်ဖြစ်လာစေရမယ်....ချင်းယာရေစိမ်နေရင်း ပုခုံးပေါ် လာရောက်ထိတွေ့တဲ့ လက်ကြောင့်မော့ကြည့်လိုက်တော့..
မိစ္ဆာ နတ်မင်း...ရိဖန်:ကိုယ့်ကိုသိတာလား.
ချင်းယာ:
အင်း...သိတယ် အရင်ကလည်းဆရာ့စီအမြဲလာတယ်လေ☺ရိဖန်တယောက်သူ့ရှေ့မှာ ပြုံးပြီးစကားပြောနေတဲ့ကောင်လေးကြောင့် ထိုအပြုံးကြောင့်ထင်တယ် အလိုလိုရင်ထဲမှအေးချမ်းသွားတယ်....
ရော့...ချင်းယာ...ဟမ်.....
ရိဖန် မင်းဆရာကမင်းကိုပေးပေးလိုက်ဆိုလို့လာပေးတာ....
ပြီးတော့ကိုယ့်နမည်က ရိဖန်....ချင်းယာ ဟုတ်..☺
မိစ္ဆာ နတ်မင်းကအရမ်းချောတာဘဲ (စိတ်ထဲမှ)
ရိဖန်:
ကိုယ့်ကိုမိစ္ဆာနတ်မင်းလို့မခေါ်ဘဲ ပြောင်းခေါ်ကြည့်ပါလား..
ပြီးတော့ မင်းနမည်လေးလည်းပြန်မိတ်ဆက်အုံး.....ချင်းယာ..
ချင်းယာလို့ခေါ်ပါတယ်..☺ ပြောင်းခေါ်ရမယ်ဆိုတော့.....
ရိဖန်တယောက်သူ့ရှောမှာ နှုတ်ခမ်းလေး ကိုစုပြီး ကိုယ့်ကိုဘယ်လိုခေါ်မလဲစဥ်းစားနေတဲ့ကလေးကြောင့် အသဲယားပြီး ခေါင်းလေးကိုဖွဖွလေးသပ်ပေးလိုက်တော့ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ကြည့်လာတဲ့သူလေး...