"ရွှေစိတ်တော် မညို ငြင်ပါနဲ့ကွာ"
"......အပြောကတော့ ရွှေမန်းပဲနော်....ဦးဒဿ"
ကိုယ်က ချော့ပြန်တော့လည်း တစ်ခွန်းမကျန်ပြန် ပက်ပြောနေတဲ့ကောင်လေးကြောင့် အချစ်ပိုရပြန်ပါသည်။
"ဟား...ဒါက စိတ်ေကာက်သွားတာပေါ့.."
"....ကောက်ရအောင် ကျွန်တော် ကမိန်းကလေးလဲမဟုတ်"
" ဟောဗျာ....ကိုယ်ကလည်း မိန်းကလေးလို့မပြောပါဘူး..."
ဝန်ထမ်းတွေ Meeting room. ထဲကထွက်သွားသည့်တိုင် ကျွန်တော် အား အမျိုးမျိုး အဖုံဖုံချော့နေသော လူကြီးသည် အလွန်ပင်သည်းခံ အနွံနာခံရှာသည်။ ဒါပေမဲ့...ဒါဟာ..ပုံရိပ်ယောင်သပ်သပ်ပဲလို့ တွေးမိပြန်တော့ နှလုံးသားက နာကျင်လာသည်။ ဒီနာကျင်မှုမှာပဲ ပျော်ဝင်နေတဲ့ ကျွန်တော် ဟာလည်း ဘာဆေးမှမှီတော့မည်မထင်။
"......ကျွန်တော် အရမ်းဆိုးလား"
အဖျားခတ်တုန်ရီသွားတဲ့အသံလေးကြောင့် ဒီကောင်လေး ရှောက်တွေးပြီးဝမ်းနည်းနေမည်ကို သိလိုက်သည်။
"ယောကျာ်း ဖြစ်တဲ့ ကိုယ့်အပေါ်ဆိုးတာပဲ... မင်းလေးစိတ်တိုင်းကြဆိုးလို့ရတယ်...ဒါပေမဲ့ လူဆိုတာ အပေးရှိရင် အယူလည်းရှိရတယ်တဲ့.."
ပညာရှိသတိဖြစ်ခဲတဲ့ တစ်ဖက်လမ်းနဲ့ သွယ်ဝိုက်ပြီးပြောသွားတဲ့ထိုလူစကားဟာသူ့အဓိပ္ပါယ်နှင့်သူ အန္တာရာယ်များလှသည်။ဒါပေမဲ့ ကျွန်တော်ကလည်း အဲ့အန္တာရယ်ကို ကျေကျေနပ်နပ်ကြီး ရင်ဆိုင်ဖို့အသင့်ဆိုတာ ထိုသူ့ကို သိစေခြင်ပါသည်။
"Oh...Darling ~~~ဦးက ကျွန်တော့်ရဲ့ ယောကျာ်း မဖြစ်သေးဘူးနော်..ဟင်း"
နက်တိုင်ကိုလက်တစ်ဖတ်ဖြင့်ဆွဲကာ နောက်လက်တစ်ဖက်က ကျွန်တော့်ရဲ့ ရင်ဘက်ကိုပွတ်သပ်ရင်းပြောလာတဲ့ ကောင်လေးက အန္တာရယ်ကိုလက်ယပ်ခေါ်နေမှန်းမသိသည့်အလား။
"ဟက်~~ မင်းလေးဘက်က စတာနော် ပြီးမှ ကိုယ့်ကို အပြစ်မတင်နဲ့..."
Devil smile နဲ့ပြောလာတဲ့သူကြီးဟာ နဂိုချောတာထက် ဆွဲဆောင်မှုရှိနေတာကိုငြင်းမရ။ ဘယ်လိုလုပ်မလဲ....ကိုယ်ကလည်း အဲ့လိုပုံစံကိုပြန် ကလိလိုက်ရမှ...။