စိတ်ရော လူပါ ပင်ပန်းနေတာကြောင့် ဒီနေ့ အလုပ်ထဲ စိတ်ကမပါ....
ထိုစဥ်.."စခန်းမှူးလေး... မှောင်ခိုစျေးကွက်က မနက်ဖြန်တဲ့ ပြင်ဆင်ထားဖို့ အမ ကပြောလိုက်ပါတယ်"
"နောက် ၅ ရက်လောက်နေမှမဟုတ်ဘူးလား"
"ကျွန်တော် တို့လည်း မသိပါဘူး"
"ကောင်းပြီ.... ပြန်လို့ရပြီ"
"အလေးပြုပါတယ် စခန်းမှူးလေး 👮"
"အလေးပြုပါတယ်"
မနက်ဖြန်အတွက် ငါ ဘာလို့စိတ်လုပ်ရှားနေပါလိမ့်... ပုံမှန်လည်း.... ဒီလိုတွေ လုပ်နေတာဘဲဟာ... မသိတော့ဘူးဟာ.... ဒီနေ့မှ Daddyကို ပိုလွမ်းပြီး ပိုတွေ့ချင်လာသလိုဘဲ....
At Tomorrow......
ကျတော်တို့ အခု ××××ရဲ့ ဆိပ်ကမ်းက ဂိုဒေါင် အပျက်ကြီး ဆီမှာပါ..
အဖွဲ့အင်အား 20လောက်သာကျတော်ခေါ်လာခဲ့လိုက်တယ်... လွယ်လောက်မယ်အထင်နဲ့ပေါ့...ထိုအချိန်
ဒိုင်း!...
တပ်..တပ်..မှူးလေး....လူတွေအထိများနေပြီ..
ဒါ..ဒါ.ငါရဲ့ပေါ့ဆမှုကြောင့်... မဖြစ်ဘူး..အကုန်လုံးကို ကယ်တင်မယ်.... ငါ..ငါသေ..သွားခဲ့ရင်တောင်..သူတို့ကို ကယ်တင်ရမယ်...
သေနတ် နှစ်လက်ကို ကိုင်တာ...ဆက်တိုက်ပစ်လာရဲ့...ရဲ့ကောင်လေးတစ်ယောက်ကြောင့်....Foxမှာ အထိများလာပြီးလှည့်သွား၏။
တစ်ဖက်က ထွက်ပြေးသွားသော Fox အဖွဲ့ကိုကြည့်က..ဟက်... ဘယ်လိုတောင် ကြောက်ရတာလဲ မာဖီးယားမလုပ်ဘဲ လင်ရှာလိုက်တာမဟုတ်ဘူး....
ကျစ်ရှန်း ရဲ့မြင်ကွင်းထဲထဲ ယွဲ့ရောင်ကို ရဲဝတ်စုံနဲ့တွေ့နေရသည်။
"သြော် ငါ...ကလေးငယ်ကို...တော်တော် စွဲလမ်းနေတယ်နဲ့တူတယ်.. ဟက်..ကိုယ့် ဘက်ကို သေနတ်နဲ့ချိန်ထားတဲ့ ရဲလေးကိုတောင် ယွဲ့အာလို့မြင်နေမိတယ်"
ယွဲ့ရောင်လည်း...Fox အဖွဲ့ကို ရှင်းပြီးမကြာ...Demon ဘက်ကို လှည့်ပြီး ရှင်းဖို့ အဖွဲ့ခေါင်းဆောင်ကို သေနတ်နဲ့လှည့်ချိန်လိုက်တဲ့အခိုက်အတန့်မှာ နွေခေါင်ခေါင်မှာမိုကြိုး ဆယ်စင်းလောက်ပစ်သွားသလို...