ယွဲ့ရောင်တစ်ယောက် တစ်ကိုယ်လုံးကိုက်ခဲစွာနဲ့နိုးလာပါတော့တယ်....
*အား...ငါ လူပျိုရည်လေးတော့သွားပါပြီ*
အား ငါခါးကဘာလို့ အဲ့လောက်နာနေရတာလဲ...
အမ်...ဒါ..ဒါ..Daddy ညဝတ် အက်ျီမလား...သူလည်းသတိရပြီးဘေးကို ကြည့်မိတော့ Daddyက အိပ်နေတုန်း......
ဒီလူကြီး...အိပ်နေတာတောင် တော်တော်လေးချောတာလဲ....
အခုလို ဆံပင်က ကပိုကရို နဖူးပေါ်ဝဲကျနေတဲ့ပုံလေးနဲ့ အရမ်းလူငယ်ဆန်တယ်....
နှာတံကလည်း ချွန်ပြီးဆင်းဆင်းလေး...
နဖူးကလည်း မကျဥ်းမကျယ်...နတ်ဘုရားတစ်ပါးလို ချောတာ...
😩မဟုတ်ဘူး..နတ်ဆိုးကြီး....ဒီလူညက တော်တော် ဆိုးဆိုးဘဲ....ကိုယ့်ကို ဘာလို့ အဲ့လောက်စိုက်ကြည့်နေတာလဲ....
ဟမ်..မ..မကြည့်ပါဘူး..နိုးတာကြာပြီလား...
omm...မင်းငါ့မျက်နှာကို စကိုင် ကြည့်နေကတည်းကဘဲ....
အာ...နိုးရင်ထတော့လေ Daddy company သွားရမယ်မလား....
ယွဲ့အာ ရော ထနိုင်ရဲ့လား....
ထ....ထ..,နိုင်လောက်ပါတယ်... *နတ်ဆိုးအထန်ကောင်ကြီး အဲ့တာ ခင်ဗျားကြီးလက်ချက်လေ ထနိုင်လားမေးရအောင်*
အ့....
ရုတ်တရက် ထလိုက်တာကြောင့် ခါးအောက်ပိုင်းကဆစ်ခနဲ...
Daddy ရေချိုးခန်းထဲ အထိ လိုက်ပို့ပေးမယ်....
ဟုတ်..ကဲ့. ဘာ..ဘာလုပ်တာလဲ.
ချီလိုက်တာလေ..ယွဲ့အာရဲ့...မင်းကအခုဆို ကိုယ့်ရဲ့------------?
A/Nဘာပြောလိုက်တာလဲ..I WANT TO KNOW 🤓
Daddy!
ဟ..ဟား..ဟား....
နား အနားကိုတိုးတိုးလေးကပ်ကာပြောလိုက်တဲ့စကား ကြောင့်...အရင်က အရှက်မရှိတဲ့လူက အခုမှရှက်လာသလိုလို..ကြောက်လာသလိုလိုနဲ့....
ဒီကောင်လေး..ဒီလို ရှက်နေတဲ့ပုံလေးက အရမ်းချစ်ဖို့ကောင်းလွန်းတယ် ကိုယ့်ရဲ့ ညအိပ်ဝတ်စုံက သူရဲ့ ပေါင်လောက်ထိရှည်ပြီးကြီးနေတာဘဲ....အဝတ်ပုံမြုပ်နေတဲ့ ကြောင်ပေါက်လေးအတိုင်းဘဲ....
ရေချိုးခန်းထဲရောက်တော့ မှန်ကိုသေချာကြည့်မိတော့ Daddy အပေါ်ပိုင်းက အက်ျီမရှိငါကိုဝတ် ပေးထားတာဘဲ....ပြီးတော့ Daddy ပုခုံးနဲ့လည်ပင်းမှာ ကိုက်ရာတစ်ချို့....
အဲ့တော့ daddy အခုဝတ်ထားတဲ့ ဘောင်းဘီနဲ့ ငါအက်ျီက ဝမ်းစက်မှန်းအရမ်းသိသာတာဘဲ....