"ခင်ဗျားပြောတော့ အပြင်မှာစားမယ်ဆို"
"အခုလည်းအပြင်ဘဲလေ"
"အိပ်ခန်းရဲ့အပြင်ဘက်ကိုပြောတာပေါ့"
"အင်း....."
ထို့နောက် ဒဿလည်း ပြင်ဆင်ထားတဲ့ ညနေစာကို စားပွဲပေါ်သေချာပြင်ပေးလိုက်၏။
"ကြိုက်တယ်မလား ဒီဖော်ရည်ကို"
"Harna Juice "
အကန့်အသက်ဖြင့်သာ ဝယ်လို့ရတဲ့ Juice ဖြစ်တဲ့အတွက် တနေ့ကို ဘူး ၃၀ သာရောင်းသည် အရသာကထိပ်တန်းဖြစ်သည် ဘူးအဖုံးအတွင်းဘက်တွင် Harna ဆိုတဲ့တံဆိပ်ကို အဆင့်အတန်းမြင့်မြင့်ထည့်သွင်းပြထားသည် အတုအစစ်ခွဲ ခြားနိုင်ရန် ဘူးကို Graphene ကိုအသုံးပြုပြီးလုပ်ထားတာမို့ ခွဲခြားနိုင်သည်။
"50000 မလား ဒီမှာ....."
"......."
စားပွဲခုံပေါ်တင်ပေးလာတဲ့ ပိုက်ဆံ 10000တန် ၅ ရွက်ကိုကြည့်ရင်း အနည်းငယ် ဒေါသထွက်လာရ၏ ။ တစ်ဆက်တည်း ဒီကောင်လေး မာနကလည်း တယ်...ကြီးသကိုး။
မျက်ထောင့်နီကြီးဖြင့်ကြည့်နေတာကြောင့် Juice တောင် မသောက်ရဲတော့ဘူး ကိုယ်ပြောလိုက်တဲ့အထဲ မှား များမှားသွားလို့လား ငါက အက္ခရာရဲ့ ကာရိုက်တာကို လေးစားတဲ့အနေနဲ့ မာနလေး ပိစိလောက်လေးကြီးမိတာကို ......။
"ယူလိုက်ပါ ကျွန်တော်က ကိုယ့်ဘက်ကအပေးမရှိဘဲ သူများ ပစ္စည်းကိုမယူခြင်လို့ပါ"
"အင်း...."
အင်းတလုံးသာပြောပြီးတိတ်ဆိတ်သွားသူကြောင့် ကျွန်တော် လည်း ငြိမ်သက်စွာ စားပွဲပေါ်က အစားအသောက်တွေကိုသာ ပါးစပ်ထဲအတင်းထိုးထည့်နေမိ၏။
ချမ်းသာရတာမဆိုးဘူး စားရသောက်ရတာရှယ်ပဲ။
စားလို့လည်းပြီးသွားတော့..... Bar အသေးစားလေးဘက်ကို ဦးတည်သွားတဲ့သူကြောင့်.... လှမ်းခေါ်မိ၏။"ဦးဒဿ"
"အင်း"
ဒီလူကြီးကအရမ်းအေးစက်တာဘဲ ဇာတ်လိုက်မအပေါ်ရော သူဘယ်လိုဆက်ဆံလဲ...
လှမ်းခေါ်ပြီးဘာမှမပြောတဲ့ ကောင်လေးကြောင့် အလုပ်ကြောင့်စိတ်ပင်ပန်းနေရတဲ့အထဲ ဒေါသနထွက်လာရပြန်၏။