CHAPTER - 17 🙆 ZAWGYI 🙆

548 21 0
                                    

စာသင်ခန်းအတွင်းသို့ ရောက်သည်နှင့် နေ့သစ်ကမ္ဘာသည် သူ၏ အမှတ်သင်္ကေတအတိုင်း လွယ်အိတ်ကလေးကို စာသင်ခုံပေါ်တင်လျက် ငုတ်တုတ်ကလေး ထိုင်နေလိုက်သည်။ ဝင်လာသည့်၊ ထွက်သွားသည့် ကျောင်းသား၊ ကျောင်းသူများအား ဘာရယ်မဟုတ်ဘဲ လိုက်ကြည့်နေမိသည်။ ထို့နောက်တွင် ဖွေးဖွေးဖြူကာ ရှင်းလင်းနေသည့် White Board ကလေးအား စိုက်ကြည့်လျက် စိတ်တို့သည် လေနှင်ရာ ဝဲလွင့်သည့် ငှက်မွှေးကလေးတစ်ခုလို အဝေးသို့ လွင့်စဉ်သွားသည်။

အခုရက်ပိုင်းအတွင်း နေ့သစ် အမေ၏ ကျန်းမာရေးမှာ သိပ်မကောင်းလှပါ။ ကိုယ်ပူကာ ဖျားလာလိုက်၊ ချောင်းဆိုးလိုက်၊ ဟိုနေရာ ကိုက်လိုက်၊ သည်နေရာ နာလိုက်နှင့် အမေ့ကျန်းမာရေးကို နေ့သစ် အားမရပါ။ သည်ရက်ပိုင်းမှာ နဂိုတည်းကမှ ပိန်ပိန်ပါးပါး အမေမှာ ပို၍ ပိန်လှီသွားသည်ဟု ထင်မိသည်။

"အမေ...၊ အခုတလော ကျန်းမာရေး ကောင်းပုံမရဘူးနော်။ သားတို့ ဆေးသွားစစ်ရအောင် အမေ"

နေ့သစ်၏ အပြောကို အမေက ချောင်းတဟွတ်ဟွတ် ဆိုးနေလျက်က ပျာပျာသလဲ ပိတ်ပင်လိုက်သည်။

"အို‌ကွယ်...၊ မဟုတ်တာ။ အမေ ကျန်းမာပါတယ် သားရဲ့။ ချောင်းဆိုးနေတယ်ဆိုတာက ဟိုတစ်နေ့က ရေကိုင်တာ ကြာသွားလို့ ရှိမှာ။ ချောင်းဆိုးတာလေးလောက်နဲ့ ဆေးစစ်ရမယ်လို့ မင်းနှယ်... ကြံကြံဖန်ဖန်ကွယ်"

"အမေတို့က အဲ့ဒါတွေ ခက်တာပဲ။ အမှိုက်ကစ ပြာသာဒ် မီးလောင်တဲ့ အမေရေ...၊ ချောင်းဆိုးတာက အဆုတ်မှာ တစ်ခုခု ဖောက်ပြန်လို့၊ ခါးနာ ခါးအောင့်တတ်တယ်ဆိုတာလည်း ‌ကျောက်ကပ် တစ်ခုခု ချွတ်ယွင်းလို့၊ မောမောနေတယ်ဆိုတာကလည်း နှလုံးအားနည်းလာလို့ ဖြစ်နိုင်တယ် အမေ။ တော်ကြာ... အပ်နဲ့ ထွင်းရမယ့် ကိစ္စကို ပုဆိန်နဲ့ ပေါက်ရမှာဆိုးလို့ ပြောနေရတာ"

"အလိုအေ...၊ မင်းနှယ် အမေထက် သားတစ်လကြီး၊ မိကျောင်းမင်း ရေးခင်းပြနေပါလား..."

အမေက ပြောရင်းဆိုရင်း မီးဖိုထဲသို့ ထင်းချောင်းကလေးအား ထိုးကလော်လိုက်သည့် အခါ မီးမှုန် မီးစက်ကလေးများသည် ပိုးစုန်းကြူးလေးများကဲ့သို့ လေထဲသို့ ဝဲလွင့်ပျံတက်ကာ ပျောက်ကွယ်သွားပြန်သည်။ အမေနှင့် သူသည် ထိုကဲ့သို့ပင်။ စကားနိုင်လုသည့် အချိန်မျိုးတွင် ဗမာစကားပုံများ စုံစိသွားတတ်သည်။ အမေသည် မီးဖိုအတွင်းသို့ ပြောင်းတံကလေးဖြင့် လေတဖူးဖူးမှုတ်လိုက်ရင်း မီးတက်လာအောင် လုပ်လိုက်သည်။ ပြီးနောက် အမေ့ကို ခပ်ဆွေဆွေလှမ်းကြည့်နေသည့် သူ့အား လှည့်ကြည့်လျက်...

အချစ်စစ်ပုံပြင် 💙 အချစ်စစ်ပုံပြင် { COMPLETED}Where stories live. Discover now