Chapter - 3 🙆🏼‍♂️ Unicode 🙆🏼‍♂️

2.9K 171 15
                                    

သူ့အိမ်ရှိသည့် လမ်းကြားကလေး၏ ထိပ်တွင် ကျောင်းဖယ်ရီကားသည် ထိုးရပ်လိုက်သည်။ သူက ဘေးတွင်ချထားသည့် ထမင်းချိုင့်ကလေးကို ကောက်ကိုင်ကာ ကားပေါ်မှ ဆင်းပြီးနောက် ဆိုင်ကယ်တစ်စီးဝင်စာ လမ်းကြားကလေးအတွင်း ဝင်သွားလိုက်သည်။ ခြေလှမ်း ဆယ်လှမ်းခန့် လှမ်းအပြီးတွင် သူတို့ နေထိုင်သည့် အိမ်ကလေးသို့ ရောက်ပါသည်။

အိမ်ကလေးမှာ ထရံကပ် သွပ်မိုး တဲအိမ်ကလေးဖြစ်ပြီး ထရံများနှင့် သွပ်များမှာ အတော်ပင် ဟောင်းနွမ်း၍ ပျက်ဆီးသင့်သလောက် ပျက်ဆီးနေခဲ့ပြီ။ ခြံတံခါး မရှိသည့် အိမ်ကလေးဖြစ်ပြီး အိမ်ပေါက်မှ ထွက်လိုက်လျှင် လမ်းကြားလေးဆီသို့ တန်းရောက်သွားသည်။ အိမ်တံခါးကလေးသည် အနည်းငယ် နိမ့်၍ သူ့အရပ်နှင့်ဆိုလျှင် ခေါင်းအနည်းငယ် ငုံ့ဝင်မှ လွတ်သည့် အနေအထားဖြစ်သည်။ အိမ်ထဲသို့ တန်းဝင်ဝင်ချင်းတွင် ကွပ်ပျစ်ကြီး တစ်လုံးသာ ခင်းထားပြီး ထိုကွပ်ပျစ်၏ ထောင့်တွင် (၂၁)လက်မ ရုပ်မြင်သံကြားစက်ကလေးနှင့် DVD စက်ကလေး တင်ထားသည့်  စားပွဲခုံပုကလေး တစ်ခုံ ရှိသည်။

သည်ကွပ်ပျစ်ကလေးသည် သူတို့ မိသားစုသုံးယောက်၏ အိပ်ခန်းဆိုလည်းဟုတ်သည်၊ ဧည့်ခန်းလည်း ဖြစ်သည်၊ ထမင်းစားခန်းဟုလည်း ဆိုနိုင်သည်၊ သူ၏ စာကြည့်ခန်းဆိုလျှင်လည်း မမှားပါပေ။ သူတို့ မိသားစု ထမင်းစားချိန်ရောက်လျှင် ကွပ်ပျစ်ပေါ်တွင် ခေါက်စားပွဲခုံကလေး တစ်ခုံခင်းကာ စားကြသည်။ သူ စာကျက်ပြီဆိုလျှင် စားပွဲခုံကလေးကို လက်နှီးစုတ်ကလေး တစ်ထည်ဖြင့် သုပ်ကာ ထိုကွပ်ပျစ်ကလေးပေါ်တွင်ပဲ စာကြည့်ရသည်။ သူငယ်ချင်းများ အိမ်လာလည်ပြီဆိုလျှင်လည်း သည်ကွပ်ပျစ်ကလေးပေါ်မှာပဲ ထိုင်စေကာ ဧည့်ခံရပြန်သည်။ ညအိပ်ချိန်ရောက်လျှင် ကွပ်ပျစ်ကလေးကို အဖေ့ပုဆိုးကြမ်းတစ်ထည်ဖြင့် ဖုံခါကာ ခြင်ထောင်ထောင်လျက် မိသားစုသုံးယောက် ပြားအိပ်ရသည်။

သူသည် အိမ်ကလေးအတွင်းသို့ ခေါင်းငုံ့ဝင်လျက် ကွပ်ပျစ်ပေါ်တွင် လွယ်အိတ်ကလေးနှင့် ထမင်းချိုင့်ကလေးကို ပစ်တင်လိုက်ကာ သူကိုယ်တိုင်လည်း ကွစ်ပျစ်ပေါ် ခြေပစ်လက်ပစ် လှဲချလိုက်သည်။ ထိုစဉ်တွင် နံရံချင်းကပ်နေသည့် အိမ်ခေါင်းရင်းအခန်းမှ အစ်မ ဇွန်ဖူးဝေ၏ အသံဆာဆာကို ကြားလိုက်ရ၏။

အချစ်စစ်ပုံပြင် 💙 အချစ်စစ်ပုံပြင် { COMPLETED}Donde viven las historias. Descúbrelo ahora