CHAPTER - 35 🙆 Zawgyi 🙆

500 18 1
                                    

လခစားဝန်ထမ်းတစ်ယောက် ဖြစ်လာခဲ့သည့် ခက်ဆစ်သည် လကုန်ရက်များကို မျှော်တတ်လာခဲ့သည်။ တစ်နေ့ပြီး တစ်နေ့ လုပ်ငန်းခွင်ဝင်ရင်း၊ အလုပ်လုပ်ရင်း ကုန်ဆုံးသွားခဲ့သည့် နေ့ရက်များနှင့်အတူ ခက်ဆစ်သည်လည်း လုပ်ငန်းပိုင်းဆိုင်ရာတွင် ကျွမ်းကျင်ပိုင်နိုင်လာသည်။

အခုဆိုလျှင် အလုပ်ဝင်ကာစကလို စီနီယာ အစ်မများနှင့် တွဲလုပ်စရာမလိုတော့သည်အထိ ခက်ဆစ်ကို အစ်မများက ယုံကြည်စိတ်ချနိုင်ခဲ့ပြီ။ ဟိုတယ်ပိုင်ရှင်မှ ချမှတ်လိုက်သည့် စည်းကမ်းအသစ်အရ ခက်ဆစ်တို့သည် အထပ်များအား ခွဲတမ်းကျ ခွဲဝေ၍ အုပ်ချုပ်လုပ်ကိုင်ရပါသည်။ သို့သော် အပေါ်ထပ်နှင့် အောက်ထပ် တာဝန်ကျသည့် မမဂျူးနှင့် ခက်ဆစ်သည်တော့ တွဲဖက်၍သာ လုပ်ကိုင်ခဲ့ကြပါ၏။

"မမဂျူး... ကော်ဖီသောက်ကြတော့မလား"

"မေးစရာလိုသေးလား မောင်လေးရဲ့... ဖျော်လိုက်တော့"

ကော်ဖီအကြိုက်တူသည့် မမဂျူးနှင့် ခက်ဆစ်သည် မနက်ဂျူတီဝင်ပြီ ဆိုသည်နှင့် ဟိုတယ်မှ ပေးသည့် နက်စ် ကော်ဖီထုပ် တစ်ထုပ်စီဖောက်ကာ ဖျော်သောက်ကြသည်။ ကော်ဖီလေး မဝင်လျှင် အလုပ်လုပ်ဖို့ပင် အားမရှိဟု ထင်ကြသူများ ဖြစ်ပါသည်။

ခက်ဆစ်သည် Check out အခန်းတစ်ခန်းအတွင်းဝင်ကာ ရေနွေးတည်လျက် ကော်ဖီဖျော်လိုက်သည်။

"လာ မောင်လေး... ဒီနေ့ အခန်းထွက်ထားတာ နည်းတယ်ဆိုတော့ အေးအေးဆေးဆေး ကော်ဖီထိုင်သောက်ကြတာပေါ့"

မမဂျူး ထိုင်နေသည့် စားပွဲပေါ် ကော်ဖီတစ်ခွက်အား ချပေးလျက် ခက်ဆစ်က မလှမ်းမကမ်းက လှေကားခြေရင်းတွင် ထိုင်လိုက်သည်။

"မနက်ဖြန်ဆို လကုန်ပြီနော်... ဘာလိုလိုနဲ့ ငါ့မောင်လေး အလုပ်လုပ်တာတောင် နှစ်လပြည့်ပြီ။ နောက်အပတ်ကစပြီး ညဆိုင်း ပြောင်းရတော့မှာမလား"

"ဟုတ်ပါ့ မမရယ်...၊ ဖြစ်နိုင်ရင် နေ့ပိုင်းပဲ လုပ်ချင်တာ... ခက်ဆစ်က မမတို့နဲ့ အလုပ်လုပ်ရတာပဲ ပျော်တယ်။ ညပိုင်းဆို တစ်‌ယောက်တည်း ယောင်ချာချာ ဖြစ်နေမှာ"

အချစ်စစ်ပုံပြင် 💙 အချစ်စစ်ပုံပြင် { COMPLETED}Nơi câu chuyện tồn tại. Hãy khám phá bây giờ