CHAPTER - 25 🙆 Zawgyi 🙆

524 16 0
                                    

အခုတလော နေ့သစ်ကမ္ဘာတစ်ယောက် စိတ်များ လေးလံနေခဲ့သည်။ လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက သူ ပြုလုပ်မိခဲ့သည့် ကိစ္စတစ်ခုအပေါ် သူ ပြန်လည် ဆင်ခြင်သုံးသပ်နေမိ၏။

သူ့လုပ်ရပ်တို့ မှားသွားခဲ့သလား။
ဟင့်အင်း...၊ သူ့ကိုယ်သူ အမှန်လို့ မပြောနိုင်ရင်တောင် အမှားတစ်ခုတော့ မဟုတ်နိုင်လောက်ပါဘူးလေ။ သူ သက်ပြင်းတစ်ချက်ကို ခပ်တွေတွေ ချလိုက်မိကာ စိတ်ရှုပ်စွာဖြင့် ခေါင်းကို ကုပ်လိုက်သည်။

"ဟဲ့... ကောင်ကလေး၊ ဧည့်ခန်းကြီးထဲ ငုတ်တုတ်ထိုင်ပြီး သက်ပြင်းတွေ တချချ၊ ခေါင်းတွေ တကုပ်ကုပ်နဲ့ ဘာတွေများ ဖြစ်နေလို့လဲ"

မီးဖိုချောင်ထဲမှ အမေက ခရမ်းချဉ်သီး ငါးပိချက်အိုးကို စတီးယောက်မဖြင့် ‌ဗျင်းဗျင်းမြည်အောင် ခြစ်မွှေလျက် နေ့သစ်အား လှမ်းအော်မေးသည်။

"ဘာမှမဖြစ်ပါဘူး အမေရဲ့...၊ အမေတို့ကလည်းနော် ကိုယ့်ဟာကိုယ်တောင် သက်ပြင်းချလို့ ခေါင်းကုပ်လို့ မရဘူးလားလို့"

"အိုကွယ်... နတ်ကရာ ကျီးမော့ ဆိုသလိုပေါ့ သားရဲ့၊ အမေ့သားလေး အခုတလော မျက်နှာလည်း မကောင်း၊ သက်ပြင်းလည်း မကြာခဏ ဆိုသလို ချနေတော့ သားကိုကြည့်ပြီး အမေ စိတ်ပူလို့ပါကွယ်။ ဘာဖြစ်နေလဲ အမေ့ကို ပြောစမ်း"

"တကယ် ဘာမှ မဖြစ်ပါဘူး အမေရဲ့...၊ စိတ်မပူပါနဲ့။ အမေ စိတ်ထင်လို့ နေမှာပါ"

"အေးလေ... ငါ့သားက အရွယ်ရောက်ပြီပဲ။ အမေ့ကို လျှိုချင် ဝှက်ချင်လာတာ မဆန်းပါဘူး။ သဘောပဲ တော်ရေ... ပြောမပြလည်း နေ"

"ဟာ... အမေကလည်း...၊ အမေ့ကို ဘာမှ လျှို့ဝှက်ထားတာ မရှိပါဘူးဆို"

အမေ့အား မလိမ်ချင်သော်လည်း သည်ကိစ္စကိုတော့ အမေ့ကို အသိမပေးဘဲ ထိမ်ချန်ထားရမည်ဖြစ်သည်။ အမေသာ သိခဲ့လျှင် သေချာပေါက် သူ အဆူခံထိမည်။ ပြီးတော့ ထိုကိစ္စဟာလည်း တစ်မျိုးတစ်မည် ပြောင်းလဲသွားနိုင်သည် မဟုတ်လား။

"ဒါနဲ့...၊ အခုတလော သုန်သုန်တစ်ယောက် ဒီဘက်လည်း မလာပါ့လား။ မနေ့က သူ့အမေကတော့ လာပြောသွားသေး...၊ သုန်သုန်တစ်ယောက် အခုတလော အခန်းထဲကနေ သိပ်မထွက်ဘူးတဲ့။ အခန်းအောင်းပြီး ခွေနေတယ်တဲ့။ ထမင်းလည်း သိပ်မစားဘူးတဲ့...၊ အဲ့ဒါ သားနဲ့များ စိတ်ဆိုး စိတ်ကောက်နေကြသလားဆိုပြီး မေးနေသေးတာ..."

အချစ်စစ်ပုံပြင် 💙 အချစ်စစ်ပုံပြင် { COMPLETED}Where stories live. Discover now