Chapter - 6 🙆 Zawgyi 🙆

665 26 0
                                    

"ကျေးဇူးတင်ပါတယ် ဆရာမ"

စာသင်ခန်းထဲရှိ ကျောင်းသား၊ ကျောင်းသူများအားလုံး မတ်တတ်ရပ်လျက် ဆရာမအား နှုတ်ဆက်လိုက်ကြသည်။ မနက်ပိုင်း စာသင်ချိန်နှစ်ချိန် ပြီးဆုံးသွား၍ Break Time အနေနှင့် (၁၀)မိနစ် ရရှိသည့် အားလပ်ချိန်လေးဖြစ်သဖြင့် အညောင်းပြေ လမ်းလျှောက်ထွက်ရင် ကောင်းမလားဟု သူ စဉ်းစားကာ ဘေးမှာထိုင်နေသည့် နေ့သစ်ကမ္ဘာအား အဖော်စပ်လိုက်သည်။

"ဟိတ်ကောင် နေ့သစ်၊ ငါတို့ အပေါ့အပါးသွားရင်း Main building (ပင်မဆောင်)ဘက် သွားရအောင်"

"ဟာ... မသွားချင်ပါဘူး။ မင်းဘာသာ မင်း သွားလေ။ ငါ အတန်းထဲမှာပဲ ထိုင်နေမယ်"

"မင်းကလည်းကွာ...၊ တစ်နေ့တစ်နေ့ စာသင်ခန်းထဲမှာပဲ ထိုင်နေရတာ မညောင်းဘူးလား ဟမ်၊ မပျင်းဘူးလား။ အတန်းစောင့်နတ်ကြီးကျနေတာပဲ။ တစ်နေ့လုံး ဘယ်မှ မထွက်ဘဲ အတန်းထဲပဲ ငုတ်တုတ်ထိုင်နေတာ"

"ငါ... ငါ အပြင် မထွက်ချင်လို့ပါ တေးအိမ်ရယ်"

"ဘာမထွက်ချင်တာလဲ...၊ မထွက်ရဲတာမလား။ ယောက်ျားလေးဖြစ်ပြီး အိစိစိနဲ့၊ ဟိုမသွားရဲ၊ ဒီမသွားရဲနဲ့။ ငါတော့ မင်းကို အားကိုမရဘူး။ မိန်းကလေးတွေတောင် သွားစရာရှိတာ သွား၊ လုပ်စရာရှိတာ လုပ်နေကြတဲ့ ကိစ္စ။ ငါ့သူငယ်ချင်း လုပ်နေပြီး ဒီလို ကြောက်တတ်နေတာကတော့ မဟုတ်သေးဘူးနော် နေ့သစ်၊ ဒီပုံစံနဲ့ဆို မင်းနဲ့ ငါ ဘယ်လိုမှ ကီးကိုက်မှာမဟုတ်ဘူး"

တေးအိမ်၏ စကားကြောင့် နေ့သစ် ရင်ထဲ လှပ်ခနဲ နင့်ဟာသွားသည်။ လူကြောက်တတ်တာ၊ လူကြားထဲ မတိုးဝံ့တာ၊ ယောက်ျားလေးများ ရှိနေသည့် အိမ်သာထဲမှာ အပေါ့မသွားရဲတာ... ဒါတွေဟာ ငယ်ငယ်ကလေးတည်းက သူ၏ အမူအကျင့်များသာ ဖြစ်၏။ မွေးရာပါ ဗီဇဟု ပြောရလျှင် ပို၍ မှန်မလား မသိ။ အသက်အရွယ် ရလာခဲ့ချိန်မှာတော့ သူ၏ စိတ်နေ သဘောထားများအား သူ ကိုယ်တိုင် သိရှိနားလည်လာရသည်။ အမှန်တော့ သူသည် ယောက်ျားလေး တစ်ယောက်မှာ ရှိသင့်တဲ့ စိတ်နေ၊ စိတ်ထားများထက် မိန်းကလေးတစ်ယောက်၏ စိတ်နေသဘောထားများသည်သာ သူ့ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေသည်ကို သူ တဖြည်းဖြည်း သိမြင်ခံစားလာရသည်။ ထိုခံစားချက်သည် လိင်တူယောက်ျားလေးတစ်ယောက်အား တွယ်ငြိနစ်ဝင်မိသွားချိန်တွင် ပို၍ သိသာထင်ရှားလာခဲ့ပါ၏။

အချစ်စစ်ပုံပြင် 💙 အချစ်စစ်ပုံပြင် { COMPLETED}Donde viven las historias. Descúbrelo ahora