CHAPTER - 34 🙆 Zawgyi 🙆

361 11 0
                                    

အလုပ်တစ်ခု လုပ်ရန်အတွက် ဆုံးဖြတ်ရာတွင် အဓိက ဦးစားပေး၍ ထည့်တွက်ရသည့်အချက်မှာ‌ ညအလုပ်ဖြစ်ရန် ဖြစ်သည်။ နေ့လည်လေးနာရီလောက်အထိ ကျောင်းတတ်ရမည် ဖြစ်သည့်အတွက် ညနေ ငါးနာရီလောက်မှ စ၍ ဝင်ရမည့် အလုပ်ဖြစ်လျှင် ပို၍ အဆင်ပြေသည်။

အိပ်ရေးပျက်ရပြီး ပင်ပင်ပန်းပန်း လုပ်ရသည့် အလုပ်မျိုးဆိုလျှင်လည်း ရေရှည်တွင် အဆင်မပြေနိုင်သောကြောင့် အတော်အသင့် အိပ်ချိန်ရပြီး အတန်ငယ် သက်သက်သာသာရှိနိုင်မည့် အလုပ်မျိုးဖြစ်ရန်လည်း လိုသေးသည်။ ထို့အပြင် အလုပ်ခွင်တွင် စာလုပ်နိုင်ရန်အတွက် အဆင်ပြေရန် လိုအပ်သေးသည်။ ထိုကဲ့သို့ အချက်အလက်များ ထည့်သွင်းစဉ်းစားလိုက်ရာတွင် ခက်ဆစ်နှင့် အဆင်ပြေနိုင်မည့် အလုပ်တစ်ခုအား ရှာဖွေ တွေ့ရှိသွားတော့သည်။

"ခက်ဆစ် ဟိုတယ်တစ်ခုမှာ အလုပ်ဝင်လုပ်မလို့ မိုင်း..."

ကျောင်းတတ်ရင်း အလုပ်လုပ်မည့်အကြောင်းကို မိုင်းအား အသိပေး ဖွင့်ပြောလိုက်ချိန်တွင် မိုင်း၏ မျက်နှာလေး အနည်းငယ် တည်ငြိမ်သွားသည်။

"အဆင်ပြေပါ့မလားဟင် ခက်ဆစ်...၊ ပင်ပန်းမှာစိုးတယ်"

ကန်ပတ်လမ်းအား ကျောပေးလျက် တံတားပေါင်ပေါ်တွင် ထိုင်ကာ ဆုပ်ကိုင်ထားသည့် မိုင်း၏ လက်ဖဝါးလေးကို ခက်ဆစ် ခပ်ဖွဖွလေး ညှစ်လိုက်သည်။ ထို့နောက် ကန်ရေပြင်ကို ဖြတ်သန်း၍ တိုးဝှေ့လာသည့် လေနုအေးလေးများကို တဝကြီး ရှုရှိုက်လိုက်ရင်း အသက်ပြင်းပြင်း မှုတ်ထုတ်လိုက်ချိန်တွင် ပေါ့ပါးသွားရသည်။

"မပူပါနဲ့ မိုင်းရဲ့...၊ ခက်ဆစ် လုပ်နိုင်ပါတယ်။ တီတီနဲ့လည်း တိုင်ပင်ကြည့်ပြီးပြီ။ အခုကလည်း တီတီ့အသိ‌ ‌အစ်မတစ်ယောက်ရဲ့ အချိတ်အဆက်နဲ့ ဝင်မှာလေ မိုင်းရဲ့...၊ အဲ့အစ်မကပြောတယ်... သူတို့ဟိုတယ်က ညပိုင်းဆို ချောင်တယ်တဲ့။ ဘာမှ သိပ်မလုပ်ရဘူး... မပင်ပန်းဘူးတဲ့...။ ဝင်ကာစမှာတော့ အလုပ်သင်အနေနဲ့ နေ့ပိုင်း ဆင်းရမှာပေါ့လေ... ကျွမ်းကျင်သွားမှ ညပိုင်းဆင်းပေးရမှာတဲ့..."

လုပ်ငန်းခွင်နှင့် အတွေ့အကြုံ မရှိသည့် ကောင်လေးတစ်ယောက်အနေနှင့် အလုပ်တစ်ခုကို စတင် ထိတွေ့ရမည်ဖြစ်သဖြင့် စိုးရိမ်ပူပန်မှုများ အနည်းငယ် ခံစားနေရသော်လည်း မိုင်း၏ အရှေ့တွင်တော့ ဘာမှမဖြစ်သလို ဟန်ဆောင်နေလိုက်သည်။

အချစ်စစ်ပုံပြင် 💙 အချစ်စစ်ပုံပြင် { COMPLETED}Where stories live. Discover now