CHAPTER - 30 🙆 Unicode 🙆

1.3K 76 5
                                    

နေ့လည်စာ ထမင်းစားပြီးချိန်တွင် ထမင်းချိုင့်များအား ပြန်လည် သိမ်းဆည်းလိုက်ပြီးနောက် ထိုင်နေကျ ‌ခုံတန်းကလေးသို့ ခက်ဆစ်တို့ သုံးယောက် သွားထိုင်လိုက်ကြသည်။ စာသင်နှစ် ပြန်လည် ဖွင့်လှစ်ခဲ့သည်မှာ တတိယ အပတ်သို့ပင် ရောက်ရှိနေခဲ့ပြီဖြစ်၍ နည်းပညာ တက္ကသိုလ်ကြီး၏ နေရာတိုင်းတွင် ကျောင်းသား၊ ကျောင်းသူများဖြင့် ပြန်လည်စည်ကားလျက် ရှိပြီ။

ခက်ဆစ်တို့ အုပ်စုပင်လျှင် ကိုယ်စီ အတန်းချိန်တို့ဖြင့် အချိန်ပြည့် အတန်တက်နေရပြီဖြစ်၍ ထမင်းစားအားလပ်ချိန်များတွင်သာ လူစုံနိုင်တော့သည်။

"အင်း... ကျောင်းတော်ကြီးက အခုလိုကျတော့လည်း စည်ကားလိုက်တာနော်... ကျောင်းဖွင့်စတုန်းကများ ခြောက်ကပ်နေတာပဲ... သရဲခြောက်မှာတောင် ကြောက်ရတယ်"

"အေး ဟုတ်မယ်...၊ ဒါပေမယ့် သရဲက ခြောက်ချင်ရင်တောင် မင်းကိုတော့ ခြောက်ရဲမယ် မထင်ဘူး"

မိုင်း၏ စကားကို သက်တံ့က နားမလည်ဟန်ဖြင့် မျက်မှောင်ကြုတ်ကာ စဉ်းစားနေခဲ့သည်။ မိုင်း၏ စကား အသွားအလာကို ရိပ်မိနေသည့် ခက်ဆစ်ကတော့ ရယ်ချင်စိတ်ကို ထိန်းထားလိုက်ရသည်။

"ဟဲ့... နင့်စကားက ဘာလဲ...၊ ငါ နားမလည်ဘူး။ ဘာလို့ သရဲက ငါ့ကို မခြောက်ရဲရမှာလဲ"

"မင်းက သရဲထက် ပိုခြောက်နေလို့လေ..."

"သေနာကြီး..."

သက်တံ့က မိုင်းအား ဆဲရေးတိုင်းထွာကာ ရယ်တော့ မိုင်းနှင့် ခက်ဆစ်တို့ကလည်း သဘောကျစွာ ရယ်မောလိုက်ကြသည်။ ထိုစဉ်တွင် ခက်ဆစ်တို့၏ စုရပ်သို့ ကွန့်မြူးတစ်ယောက် ရောက်လာခဲ့သည်။

"ဘာတွေ ရယ်နေကြတာလဲ ခက်ဆစ်တို့"

"ဒီမှာလေ... ထုံးစံအတိုင်း မိုင်းနဲ့ သက်တံ့ ဟာသတွေပြောလို့ ရယ်နေကြတာ"

"နေ့သစ်တစ်ယောက်ရော မလာသေးဘူးလား"

"အေး... ငါတို့လည်း သူ့စောင့်နေတာပဲ။ သူ လာရင် အချဉ်ပေါင်း စပ်စားကြမလို့"

ခက်ဆစ်တို့ အုပ်စုသည် နေ့လည် ထမင်းစားပြီးချိန်တိုင်းတွင် အချဉ်ပေါင်း စပ်စားရင်စား၊ အချဉ်ပေါင်း မစားဖြစ်လျှင် ကန်တင်းထိုင်၍ ကော်ဖီသောက်လေ့ရှိကြသည်။ တစ်ဦး တစ်ယောက်တည်းက ပိုက်ဆံစိုက်၍ ဝယ်ကျွေးနိုင်သော်လည်း တစ်ယောက် နှစ်ရာစီ စပ်၍ ဝယ်စားရသည့် အချဉ်ပေါင်းအား သူတို့အားလုံးက ပို၍ နှစ်သက်ကြလေသည်။

အချစ်စစ်ပုံပြင် 💙 အချစ်စစ်ပုံပြင် { COMPLETED}Where stories live. Discover now