CHAPTER - 33 🙆 Unicode 🙆

1.2K 75 8
                                    

မွေးနေ့ဆိုသည်မှာ သာမန်နေ့တစ်နေ့ထက်တော့ ထူးခြားကြောင်းကို မိုင်း၏ မွေးနေ့တွင် ခက်ဆစ် သက်သေပြသခဲ့ပါသည်။ သို့သော် ထို့သို့ သက်သေပြရန်အတွက် တကူးတက ဖန်တီးပေးခဲ့ခြင်းမျိုး မဟုတ်ဘဲ ရင်ထဲမှ စီးဆင်းလာသည့် မေတ္တာအခြေခံသည့် ချစ်ခြင်းတရားများဖြင့်သာ မိုင်း ပျော်ရွှင်ရန် ကြိုးစားခဲ့ခြင်းသာ။

မိုင်း၏ မွေးနေ့မရောက်ခင် တစ်ရက်အလိုတွင် ခက်ဆစ်သည် သက်တံ့ကို ခေါ်ကာ ‌မိုင်းအတွက် မွေးနေ့ လက်ဆောင်ပေးရန် အဝယ်ထွက်ခဲ့ကြပါသည်။

သူတို့၏ အမိတက္ကသိုလ်သည် မြို့၏ အစွန်အဖျားတွင် ရှိသဖြင့် လမ်း (၈၀)ထောင့်ရှိ လားရှိူးစတိုးသို့ရောက်ရန် မိနစ် (၂၀)ခန့် ဆိုင်ကယ် မောင်းရသေးသည်။

"နင်က ဘာဝယ်ပေးဖို့ စဉ်းစားထားတာလဲ ခက်ဆစ်"

စတိုးဆိုင်ထဲက ပစ္စည်းများကို လှည့်ပတ်ကြည့်ရင်း သက်တံ့က မေး၏။

"မိုင်းမှာ ပိုက်ဆံအိတ် မရှိဘူးလေ...၊ ပိုက်ဆံအိတ်ကောင်းကောင်းလေး တစ်လုံးလောက် ဝယ်ပေးမလို့။ လာ... ပိုက်ဆံအိတ်က ဟိုကောင်တာမှာ"

ခက်ဆစ်က ပိုက်ဆံအိတ်ကောင်တာအနားသို့ သက်တံ့အား ဆွဲခေါ်သွားလိုက်သည်။ မီးချောင်း အဖြူလေး ထွန်းထားသည့် ကောင်တာလေးထဲတွင် အမျိုးသားသုံး အိတ်ကလေးများကို လိုချင်စဖွယ်တွေ့ရ၏။

"ဘယ်လိုအိတ်ကို ရွေးမှာလဲ... အပြန့်လား ခေါက်အိတ်လား"

"ခေါက်အိတ်က ခေတ်မရှိတော့ပါဘူးဟယ်...၊ အပြန့်လေးထဲကပဲ ရွေးမယ်..."

"ကြည့်စမ်း... ဒီအရောင်လေး လှလိုက်တာ..."

သက်တံ့ ပြသည့် အပြာနုရောင် အိတ်ကလေးအား ခက်ဆစ် မကြိုက်ပါ။

"မကြိုက်ဘူး...၊ ငါက အမည်း ဒါမှမဟုတ် အညိုပဲ လိုချင်တာ။ မိုင်းက ခန့်ခန့်ညားညားဆိုတော့ အဲ့အရောင်တွေနဲ့မှ လိုက်မှာလေ..."

"အမယ်လေးဟဲ့... ချီးမွမ်းခန်းက ဖွင့်လိုက်သေး"

ခက်ဆစ်က ခပ်ဟဟလေး ရယ်လိုက်ရင်း ပိုက်ဆံအိတ်များအား ဆက်ရွေးနေလိုက်သည်။

အချစ်စစ်ပုံပြင် 💙 အချစ်စစ်ပုံပြင် { COMPLETED}Where stories live. Discover now