Unicode
Part–1
"ဘယ်လို ဒယ်ဒီ တစ်ခါမှမတွေ့ဖူးတဲ့မိန်းကလေးကိုလက်ထပ်ရမယ် ဟုတ်လား"
"ဟုတ်တယ် မင်းလက်မခံလို့မရဘူး သား"
"ဟာဗျာ ဒယ်ဒီ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ကျွန်တော်သူ့ကိုမသိဘူးလေ ဘယ်ကမိန်းကလေး ဘယ်မျိုးရိုးကလာမှန်းမသိတဲ့မိန်းကလေးကိုကျွန်တော်ကယူရမယ်တဲ့လား မယူနိုင်ဘူး ဒယ်ဒီ"
"ငါပြောပြီးပြီ မင်းသူ့ကိုယူရမယ်"
"မယူတော့ရော?"
"ဟက် မင်းသိပ်ချစ်တဲ့သူဘာဖြစ်မလဲ"
"ကျစ် ဒယ်ဒီ့"
"နောက်အပတ်ထဲ စေ့စပ်မယ်ဆိုတာမင်းသိထားပါ တစ်ခုခုဖျတ်မယ်ဆိုလို့ကတော့ မင်းငါ့အကြောင်းသိပါတယ်"
ဦးဘုန်းမင်းလူ ဆိုတာကတော့ WS လုပ်ငန်းစုရဲ့တည်ထောင်သူ ဥက္ကဌ အဟောင်းတစ်ဦးပေါ့။
တစ်ခေတ်တစ်ခါကဒိတ်ဒိတ်ကျဲသူဌေးကြီးပင်
ယခုပင်ဆိုလျှင်လည်း သားဖြစ်သူကို လုပ်ငန်းလွှဲအပ်ခဲ့ရတယ် အဖေတူသားဖြစ်တဲ့ ဘုန်းမြတ်မိုး ဟာလည်း စည်းစနစ်ကျကျလုပ်ကိုင်ဆောင်ရွက်တက်တဲ့ကြောင့် WS လုပ်ငန်းစုက အရှိန်အဝါပိုကြီးလာခဲ့တယ်။ဘုန်းမြတ်မိုး
အသက်၂၉နှစ်အရွယ် လူငယ်လူရွယ်တစ်ယောက် 6' 1" ထိရှိတဲ့အရပ်ရယ် အသားဖြူဖြူ bodyတောင့်တောင့် ရုပ်ရည်ရူပကာဟာလည်း ချောရက်လွန်းပါသည်။ ဖြောင့်တန်းနေတဲ့နှာတံစင်းစင်းရယ် အမြဲလိုလိုတွန့်ချိူးထားတဲ့ မျက်ခုံးထူထူရယ် အညိုရောင်သမ်းနေတဲ့နှုတ်ခမ်းပါးတို့ဟာ မိန်းကလေးလေးလိုချင်သဖွယ် အားကိုးချင်ဖွယ်ယောက်ျားတစ်ယောက်ပါပဲ။ဒီလူသားဟာ မိန်းမတစ်ယောက်ကြောင့်စိတ်ဒဏ်ရာရရှိခဲ့ပြီး ထပ်မချစ်ရဲလောက်အောင် အချစ်ကိုရွံရှာသွားခဲ့သည်။ သို့သော် ထိုမိန်းမအားသူခုထိမေ့မရနိုင်သေးပေ။မိုက်ရူးရဲတယ်ဆိုလျှင်တောင်ထိုအမျိုးသမီးအတွက်မိုက်ရဲသည် ရူးရဲသည်အထိပင်။
°°°°°°°°°°°°°°°°°°°°°°°°°°°°
"ဘော့စ် အန်တီရောက်နေတယ်ဗျ""ကျစ်"အတွင်းရေးမှူးဖြစ်သူကျော်စွာစကားကြောင့်ဘုန်းမြတ်စိတ်ညစ်မိပါသည်။ အမေဖြစ်သူဒေါ်ဇာခြည်လှိုင်မှာလည်းအဖေနည်းတူ လက်ထပ်ဖို့ လာနားချခြင်းပဲဖြစ်တယ်။
YOU ARE READING
အကယ်၍ထပ်ချစ်မိခဲ့ရင်(အကယ္၍ထပ္ခ်စ္မိခဲ့ရင္)
Romanceအတိတ်ကအမျိုးသမီးတစ်ဦးကို မေ့မရနိုင်တဲ့ ဘုန်းမြတ်မိုးတစ်ယောက် မိဘကပေးစားလို့ယူလိုက်ရတဲ့ နွေဦးလင်္ကာဆိုတဲ့မိန်းကလေးကိုလက်ထပ်လိုက်ရတဲ့အခါ သူတို့နှစ်ဦးဘာတွေဆက်ဖြစ်ကြမလဲ? အကယ်၍ထပ်ချစ်မိကြမလား? ဒီဇာတ်လမ်းလေးကိုစာရေးသူနှင့်အတူတူ လိုက်ပါစီးေမျာပေးကြဖို့မျှ...