Part-6

10.5K 351 22
                                    

Unicode

နွေဦး အကိုနဲ့လိုက်လာရတာ အနည်းငယ်တော့ကြာပြီ တစ်ဖြည်းဖြည်းနဲ့မြို့ပြင်ဘက်ကိုရောက်လို့လာတယ်။ ရောက်ပါပြီ ဆိုင်တစ်ဆိုင် အလွန်လှပလွန်းသည် မြို့ပြင်မှာဒီလိုဆိုင်မျိုး ရှိလိမ့်မယ်လို့ကိုမထင်မိခဲ့ပေ။

"ဟာ ယောက်ဖ ရောက်လာပြီလား"
ဆိုင်ထဲဝင်ချင်း ကိုဘုန်းပြည့်ကအရင်စလိုက်သည်။

"-ီး ယောက်ဖလား" နားနားကပ်ပြီးဆဲလိုက်ချင်းပင်

"နွေဦးလေးလည်းပါတာပဲ"

"ဟုတ်ကဲ့ ကိုနေ"

"နွေဦးလေးကြည့်ရတာ အမြင်သစ်နဲ့ကွဲထွက်နေတာပဲ အရင်ကဆို မြန်မာဆန်ဆန်နဲ့ အခုကျတော့လည်း လှချက်ဗျာ"

"အဟင်း အဲ့လောက်လဲမဟုတ်ပါဘူးရှင်"

"လာ ထိုင်"
နွေဦး အကိုတို့ခေါ်တဲ့ဝိုင်းကိုရောက်တော့ မမြင်ဖူးတဲ့ အကိုတစ်ယောက်ကိုမြင်ရတယ် သူကကိုယ့်ကိုအကဲခတ်နေတဲ့ပုံ

"ကိုယ့်နာမည်ရောင်နီဦးပါ မနေ့ကမှ USကပြန်ရောက်တာ"

''ဪ မမမေ မောင်‌လား"

"အင်း ဟုတ်တယ် ကိုယ့်ကိုသိလား"

"ဟုတ်"

"ကဲ ကိုနေ စားစရာတွေမှာထားတယ် နွေဦးသောက်တက်လား"

"ဟင့်အင်း"

"ဟားဟား  အလိမ္မာလေးပဲ ဝိုင်တော့သောက်ရမယ်နော်"

"မ‌ေသာက်နဲ့" အကိုကဝင်တားလေတယ်

"တစ်ခါမှမသောက်ဖူးတဲ့သူ အမူးလွန်ရင် ငါကထိန်းနေရလိမ့်မယ်"

"အေးပါကွာ"

အကိုတို့‌ေလးယောက်ကတော့ သောက်လိုက်စားလိုက် စကားပြောလိုက်နဲ့ပင်။ နွေဦးကတော့ အအေးရယ် အသားကင်ရယ်နဲ့သာနှစ်ပါးသွားရသည်။ ဆိုင်ကအပေါ်ဆုံးထပ်မှာဖြစ်လို့ တစ်မြို့လုံးနီးပါးကိုမြင်ရတယ် viewကအရမ်းလှလေတယ်။ နည်းနည်းပျင်းလာတာနဲ့ အရှေ့မြင်နေရတယ် လေသာဆောင်လိုပုံစံ ခုံတွေချထားတဲ့နေရာကို သွားချင်မိသည်။

"အကို့ နွေဦး ဟိုဘက်ခဏသွားဦးမယ်"

"အင်း သွားလေ"

အကယ်၍ထပ်ချစ်မိခဲ့ရင်(အကယ်၍ထပ်ချစ်မိခဲ့ရင်)Where stories live. Discover now