Part 11

11.1K 306 10
                                    

Unicode

"နွေဦး နွေဦး"

"ဟင် အင်း" အိပ်ချင်မူးတူးနှင့် ကလေးမဟာနိုးနေတာကိုမထပေ

"နွေဦးလင်္ကာ ထတော့"

"အကို့ ဘာဖြစ်လို့လဲဟာ ခုမှငါးနာရီရှိသေးတယ် ခြောက်နာရီမှထတာလေဟာ"

"ဟက် ကလေးမ ထတော့ လမ်းလျှောက်သွားမယ်"

"ဟင်"

"ထထကွာ အမေတို့ရှိတယ်"

"အင်း အင်း"

"ကိုယ်အောက်ကစောင့်မယ် ဆင်းခဲ့နော်"

ဘုန်းမြတ်  ဒီကလေးမကိုအချိန်ပေးသင့်ပြီမလား။ ကိုယ်သူ့ကိုဒီအတောအတွင်း မရှိသလိုထားခဲ့မိသည်။ တစ်ဆက်ထဲမှာပင်  သရဖီကျော် အကြောင်း ဘယ်လိုဖြစ်နေလဲမသိပေ။

အောက်ထပ်ဆင်းကာ ခြံတံခါးသော့သွားဖွင့်ပြီး ပြန်လာတော့ နွေဦးလင်္ကာ ဟာ အဆင်သင့်ဖြစ်နေပြီ။ ဆံပင်းတွေကို ခေါင်းအထက်မှာထုံးဖွဲထားပြီး အမဲရောင် sportswear ကိုဝတ်ဆင်ထားသည်။ ဘာမှလိမ်းခြယ်ထားခြင်းမရှိပေမယ့် မျက်နှာဝင်းဝင်းလေးဟာကြည့်ကောင်းနေဆဲပင်။ ဘုန်းမြတ်‌ကတော့ ခဲရောင် အားကစားအင်္ကျီနဲ့ ဘောင်းဘီတို တို့ကိုဝတ်ထားသည်။

"ပြီးပြီးလား သွားမယ်လေ"

"ဟုတ် ဘယ်ထိသွားမှာလဲဟင်"

"ပန်းခြံ"

ဘုန်းမြတ် ဒီကောင်မလေးနဲ့လမ်းလျောက်လာရင်း ခဏကြာလာတော့ ပျင်းလာသည် အဘယ်ကြောင့်ဆိုသော် စကားတစ်ခွန်းမှမပြောသည့် ဘေးကကျောက်ရုပ်မ‌ကြောင့်ပင်။

"မင်း"

"ရှင်"

"ငါနဲ့အပြေးပြိုင်ရအောင် ပန်းခြံထိ"

"ရတယ်လေ"

"Ok စမယ်"
.
.
.
.
.
.
.
.
.
"မင်း ပြေးနိုင်သားပဲ"

"နွေဦးကအလယ်တန်းတုန်းအပြေးချန်ပီယံပါနော်"

"အထက်တန်းကျရော"

"အကိုကလည်း ၉/၁၀တန်းအရွယ် ပြေးနေလို့ဘယ်သင့်တော်မလဲ"

"ဟုတ်တာပေါ့ အဲ့အရွယ်ဆို အလှအပနဲ့ ရည်းစားထားဖို့ပေါ့"

အကယ်၍ထပ်ချစ်မိခဲ့ရင်(အကယ်၍ထပ်ချစ်မိခဲ့ရင်)Where stories live. Discover now