Unicode
"သမီးလေး ညစာစားလို့ကောင်းရဲ့လား""ဟုတ်မာမီ ကောင်းပါတယ်"
" သားတို့ မနက်ပြောင်းကျမှာလား"
"ဒီညသွားမှာ စားပြီးတာနဲ့"
"သားကလည်းကွယ် ညကြီးမိုးချုပ်"
ဒီညက အန်တီလှိုင်တို့အိမ်မှာ နောက်ဆုံးညစာ စားဖြစ်တဲ့နေ့ပေါ့။ ညစာစားပြီးတာနဲ့ အကို့စကားအတိုင်း အိမ်ပြောင်းလာခဲ့ရတယ်။နာရီဝက်/မိနစ်သုံးဆယ်လောက်နေတော့ အိမ်သစ်စီသို့ရောက်လာခဲ့သည်။ အကိုရွေးထားတာလား အန်တီတို့ရွေးထားတာလားမသိပေမယ့် အိမ်ကသပ်ရပ်လွန်းသည်။
"ဒါ မင်းနဲ့ငါနေရမယ့်အိမ်ပဲ"
"ဟုတ် အကို"
ခြံဝန်းကလည်းအကျယ်ကြီးနဲ့ နှစ်ထပ်အိမ်ကလေးကို နွေဦးတို့အိမ်လိုမျိူး စိမ်းပြာရောင်စိုစိုလေးသုတ်ထားတယ်။ အိမ်ထဲဝင်ကြည့်လိုက်တော့လည်း ဂရိဘောဂပစ္စည်း အစုံအလင်နဲ့။
အောက်ထပ်မှာကတာ့ အိပ်ခန်းတစ်ခန်း၊ စာဖတ်ခန်း၊ဧည့်ခန်းနဲ့မီးဖိုချောင်ရယ်ရှိတယ် အပေါ်ထပ်မှာတော့ အခန်းသုံးခန်း၊ ဘုရားခန်းရှိသည်"မင်းပစ္စည်းတွေအခန်းထဲမှာ နေရာချပြီးသွားပြီ အဆင်သင့်တက်အိပ်လိုက်ယုံပဲ သူဌေးကတော်"
"ဟုတ် အကို"
နွေဦးလည်း အကိုသွားတဲ့နောက်လိုက်သွားရင်း အိပ်ခန်းထဲရောက်လာခဲ့သည်။ အိပ်ခန်းမှာလည်း ရေချိုးခန်း နှစ်ယောက်အိပ်ကုတင် စားပွဲခုံတွေရယ် ထိုင်ခုံရှည် တစ်ခုရယ်ပါဝင်တယ်။
"ဟိုလေ အကို့"
"အင်း"
"နွေဦးကဒီမှာအိပ်ရမှာလား"
".........'' ဘာမှပြန်မပြောပဲ ကျောပေးထားတဲ့အနေအထားကနေ နွေဦးဘက်ကို အင်္ကျီကြယ်သီးဖြုတ်လိုက်စနဲ့လှည့်လာခဲ့တယ် ထုံးစံအတိုင်း မျက်ခုံးများအားကျုံ့ထားလျက် မဲ့ပြုံးတစ်ပွင့်ဆငိလိုက်သည်။
"မင်းကဒီမှာမအိပ်လို့ ဘယ်လင်နဲ့သွားအိပ်ချင်လို့လဲ"
"ရှင် မဟုတ်ပါဘူး နွေဦးက"
"ဪ ဇာတ်လမ်းတွေထဲကလို အခန်းခွဲအိပ်ရမယ်ထင်လို့လား"
"........."
YOU ARE READING
အကယ်၍ထပ်ချစ်မိခဲ့ရင်(အကယ္၍ထပ္ခ်စ္မိခဲ့ရင္)
Romanceအတိတ်ကအမျိုးသမီးတစ်ဦးကို မေ့မရနိုင်တဲ့ ဘုန်းမြတ်မိုးတစ်ယောက် မိဘကပေးစားလို့ယူလိုက်ရတဲ့ နွေဦးလင်္ကာဆိုတဲ့မိန်းကလေးကိုလက်ထပ်လိုက်ရတဲ့အခါ သူတို့နှစ်ဦးဘာတွေဆက်ဖြစ်ကြမလဲ? အကယ်၍ထပ်ချစ်မိကြမလား? ဒီဇာတ်လမ်းလေးကိုစာရေးသူနှင့်အတူတူ လိုက်ပါစီးေမျာပေးကြဖို့မျှ...