Unicode
"ငါ့လက်ကိုတွဲ"
ပါတီပွဲရှိရာခြံထဲသို့ရောက်ရှိပြီး ကားပေါ်မှဆင်းကာ နွေဦးစီ ဘယ်ဘက်လက်အားပေး၏။ အကိုလှမ်းသော လက်အားဆွဲကာ ကားပေါ်မှဆင်းပြီး အကို့လက်ကိုတွဲကာ ပါတီပွဲအတွင်းသို့ဝင်လာခဲ့ကြသည်။
ရိုးရိုးသာမန် ပါတီပွဲဟုနွေဦးထင်ခဲ့မိတာ အရမ်းမှားသည်။ ကိုရောင်နီရဲ့မိဘတွေကလေး မခေတာပဲ နာမည်ကြီးဒိတ်ဒိတ်ကြဲ အသိုင်းအဝိုင်းကပင် နွေဦးတို့ ဝင်လာတာနှင့်အတူ ကင်မရာမန်းသမားတွေဟာ တစ်ဖြတ်ဖြတ်နှင့်ဓာတ်ပုံရိုက်ကြသည်။
"ဟာ နွေဦး ညီမလေးအရမ်းလှတာပဲ"
အပြာနုရောင်ပုခုံးလျောdressကိုဝတ်ထားသော မမမေဘယ်လ်ဟာ အလှကြီးလှကာ ဆွဲဆောင်မှုရှိနေသည်။"မဟုတ်တာ နွေဦးကမမမေကိုမမှီပါဘူး"
"ဟုတ်ပါပြီရှင်"
"မမေ ကျွန်တော့်ကိုရောမမြင်ဘူးလားဗျ"
"အမယ်လေးမြင်ပါ့တော် ဒီတစ်ခါတော့ ငါ့မောင်ပွဲတက် ပါတနာအချောလေးဘေးကပါလာပြီဆိုတော့ ငါ့မောင်ရဲ့ချောမောမှုတွေကမှေးမှိန်သွားတာပေါ့ရှင်"
"ဟားဟား မမေကတော့လေ"
"ညီလေးဘုန်းမြတ်တို့ရောက်နေတာပဲ"
မမမေရဲ့နောက်ကနေ ပုခုံးကိုဖက်ပြီးပြောလာသောယောက်ျားတစ်ယောက်။အကိုနဲ့ထိုလူကဘယ်လိုပတ်သက်လဲတော့မသိပေမယ့် အကို့မျက်နှာက ပျက်ယွင်းသွားတာကိုတော့သတိထားမိသည်။ ထိုလူက မင်းသစ္စာ တစ်နည်းအားဖြင့် မမမေရဲ့အမျိုးသားပေါ့။
"ဟုတ်တာပေါ့ မြင်တဲ့အတိုင်းပဲလေ"
"နွေဦးလေး ဒီနေ့အရမ်းလှနေတယ်နော်"
"ကျေးဇူးတင်ပါတယ် ကျွန်တော်အမျိုးသမီးကိုချီကျူးပေးလို့ မမေ ကျွန်တော်တို့ ဟိုဘက်မှာသွားလိုက်ဦးမယ်"
အကိုကနွေဦးကိုစကားပြောခွင့်ပင်မပေးပဲ လက်ဆွဲကာ စားပွဲဝိုင်းသို့ခေါ်လာခဲ့သည်။
"မင်းအဲ့ကောင်ကိုသိလား"
"မမေအမျိုးသားကိုလား သိတယ်လေ ကိုအောင်သစ္စာရဲ့အစ်ကိုမလား"
YOU ARE READING
အကယ်၍ထပ်ချစ်မိခဲ့ရင်(အကယ္၍ထပ္ခ်စ္မိခဲ့ရင္)
Romanceအတိတ်ကအမျိုးသမီးတစ်ဦးကို မေ့မရနိုင်တဲ့ ဘုန်းမြတ်မိုးတစ်ယောက် မိဘကပေးစားလို့ယူလိုက်ရတဲ့ နွေဦးလင်္ကာဆိုတဲ့မိန်းကလေးကိုလက်ထပ်လိုက်ရတဲ့အခါ သူတို့နှစ်ဦးဘာတွေဆက်ဖြစ်ကြမလဲ? အကယ်၍ထပ်ချစ်မိကြမလား? ဒီဇာတ်လမ်းလေးကိုစာရေးသူနှင့်အတူတူ လိုက်ပါစီးေမျာပေးကြဖို့မျှ...