Unicode
သရဖီကျော် တစ်ယောက် သူမကို ထားခဲ့ပြီး ကျောခိုင်းထွက်သွားသော ဘုန်းမြတ်မိုးကိုကြည့်ရင်း မျက်ရည်များစီးကျလာသည်။ ဟုတ်သည် ဒီvdက သူမ ဟိုမှာနေတုန်းက အလုပ်အတူတွဲလုပ်တဲ့ ဂျိမ်းစ် ဆိုတဲ့တစ်ယောက်နဲ့ အတူနေခဲ့တာပင်။ဒါ ဘယ်သူ့လက်ချက်လည်းဆိုတာကို ခန့်မှန်းစရာမလိုရအောင် သိသာသည်
"တောက်စ် ဦးဘုန်းမင်းလူ အဘိုးကြီး သူ့လက်ချက်ပဲ"
"ရှင်က သရဖီကျော် ကိုလာဆွနေတာပဲ ငါဘယ်လိုလူလဲဆိုတာ ရှင်သိစေရမယ် ဘုန်းမြတ်မိုး"
*****************************
ဘုန်းမြတ် သရဖီကျော်နှင့်ပြောစရာရှိတာပြောပြီး ကလေးမရှိရာအခန်းသို့သာပြန်လာခဲ့ရာ အခန်းထဲ သူမ တစ်ယောက်တည်းရှိနေတော့သည်။"ဟိုကောင်တွေပြန်သွားပြီလား"
"ဟုတ် အစောကလေးတင်ပြန်သွားတယ်"
"ဘာစားပြီးပြီလဲ ဘာစားချင်လဲ"
"နွေဦး ဆန်ပြုတ်သောက်ပြီးပြီ အကို"
"ဆန်ပြုတ်??"
"ဟုတ် ကိုရောင်နီ ဝယ်လာခဲ့တာ"
"ဪ"
"အကို့"
"အင်း"
"ဟိုလေ ဒီတစ်ပတ် အိမ်ပြန်လာနေပေးပါလား"
နွေဦး စကားကြောင့် အကိုက လက်ပိုက်ရင်းနဲ့ မျက်ခုံးတစ်ဖက်ကိုပင့်ကာ "ဘာဖြစ်လို့လဲ" ဆိုသည့်ပုံစံမျိုးနှင့်"အမေတို့ အိမ်ညအိပ်အလည်လာမယ်ဆိုလို့ အဲ့တာ အကိုရှိနေမှာဖြစ်မှာမို့လို"
"အမ် ငါမရှိတော့ရော??"
"အင်း အကိုမအားရင်လည်းရပါတယ် နွေဦးကြည့်ပြောလိုက်မယ်"
*ဟက် ဒါလေးပြောတာကို ငါမရှိရင်မဖြစ်ဘူးဆိုတာထွက်မလာဘူး*
"Ok"
"နွေဦး ဒီနေ့ အိမ်ပြန်လို့မရဘူးလား သက်သာနေပြီကို"
"အိမ်ပြန်ချင်လို့လား"
"ဟုတ်တယ်"
"ဟုတ်ပြီ ဒါဆို ဒီနေ့ပြန်ကြတာပေါ့"
***************
"နွေဦးလေး ကိုနေတို့ဆေးရုံမှာအဆင်ပြေရဲ့လား""ဟုတ်ကဲ့ အဆင်ပြေပါတယ်ရှင်"
YOU ARE READING
အကယ်၍ထပ်ချစ်မိခဲ့ရင်(အကယ္၍ထပ္ခ်စ္မိခဲ့ရင္)
Romanceအတိတ်ကအမျိုးသမီးတစ်ဦးကို မေ့မရနိုင်တဲ့ ဘုန်းမြတ်မိုးတစ်ယောက် မိဘကပေးစားလို့ယူလိုက်ရတဲ့ နွေဦးလင်္ကာဆိုတဲ့မိန်းကလေးကိုလက်ထပ်လိုက်ရတဲ့အခါ သူတို့နှစ်ဦးဘာတွေဆက်ဖြစ်ကြမလဲ? အကယ်၍ထပ်ချစ်မိကြမလား? ဒီဇာတ်လမ်းလေးကိုစာရေးသူနှင့်အတူတူ လိုက်ပါစီးေမျာပေးကြဖို့မျှ...