Part-3

11.1K 357 9
                                    

Unicode

မောင်ဘုန်းမြတ်မိုးနှင့် မနွေဦးလင်္ကာ
                     တို့၏
              ထိမ်းမြားမင်္ဂလာလက်ထပ်ပွဲ

ဒီနေ့ဟာဆိုရင် နွေဦးနဲ့အကိုရဲ့လက်ထပ်ပွဲပင်။ ဘုန်းမြတ်မိုးတို့မိသားစုဟာ ထိပ်တန်းသူဌေးတွေဖြစ်သော်ငြား မင်္ဂလာပွဲကို မြန်မာ့ဓလေ့ထုံးတမ်းနှင့်အညီ ကျင်းပခဲ့သည်။ သတို့သားနှင့်သတို့သမီးတို့ရဲ့မျက်နှာတို့ဟာ အရယ်အပြုံးနည်းသလောက် နှစ်ဖက်သောမိဘတွေကတော့ အပြုံးပန်းတွေဝေဆာနေလို့ပင်။ဆံပင်တွေအားနောက်တွဆံထုံးလေးထုံးကာ တစ်ဖျတ်ဖျတ်လက်နေသော ကျောက်တွေနှင့်စီခြယ်ထားသော သတို့သမီးဝတ်စုံနဲ့ နွေဦးလင်္ကာဟာ မင်းသမီးရှုံးရလောက်အောင် အလှကြီးလှနေပါတော့သည်။
ထိုနည်းတူ ဘုန်းမြတ်မိုးမှာလည်း ဆံပင်တွေကိုအထက်သို့ သပ်သပ်ရပ်ရပ်နှင့်လှန်ဖြီးထားပြီး သတို့သားဝတ်စုံနှင့် လိုက်ဖက်လှသည်။

နာမည်ကျော် WS လုပ်ငန်းစုရဲ့ ဉက္ကဌဖြစ်သူ ဘုန်းမြတ်မိုး၏ မင်္ဂလာပွဲဟုဆိုသောကြောင့် သတင်းထောက်များ တစ်ခြားသောနာမည်ကြီးလုပ်ငန်းရှင်များ နှစ်ဖက်မိဘ မိတ်ဆွေ ဆွေမျိုးများကြောင့် မင်္ဂလာပွဲဟာ အလွန်စည်ကားလှပါသည်။

"ဒီမယ် မနွေဦးလင်္ကာ ငါ့သူငယ်ချင်းတွေဝိုင်းသွားမလို့ နည်းနည်းပါးပါးတော့ပြုံးပါဦး ဒါမင်္ဂလာပွဲကွ အသုဘ မဟုတ်ဘူး"

"ဟုတ်ကဲ့ပါ"

"ဟေ့ကောင် ဘုန်းမြတ် မင်းဟာကဆိုင်းမဆင့်ဘုံမဆင့် ထပြီးမင်္ဂလာဆောင်ရတယ်လို့ကွာ"

"ဟုတ်ပါ့ မင်းကငါတို့ကိုနည်းနည်းပါးပါးတော့ကြိုမပြောဘူး"

"ကြိုမပြောတာလည်း မပြောနဲ့လေကွာ ဒီမယ်ကြည့်ပါလား သတို့သမီးက အရမ်းလှတာကို"

"ဟား ဟား ဟား"

ဘုန်းမြတ်မိုးသူငယ်ချင်းဖြစ်သူတို့ရဲ့တစ်ယောက်တစ်ပေါက် ထင်ရာစွတ်ပြောနေမှုကြောင့် ဘာပြန်ပြောမှန်းကိုမသိပေ။ ဘေးကမိန်းမကြည့်တော့လည်း ပြုံးရွှင်ပြီး ဟိုကောင်းတွေပြောတာ မေးတာဖြေလိုက်နဲ့ ဟုတ်နေတာပဲ။

အကယ်၍ထပ်ချစ်မိခဲ့ရင်(အကယ်၍ထပ်ချစ်မိခဲ့ရင်)Where stories live. Discover now