Part-8

10.5K 333 20
                                    

Unicode

"မောင့်"

"ဟင် "

"မောင် ဒီညမပြန်နဲ့တော့နော် ကျော် နဲ့အတူနေပေး"

"ဟာ မဖြစ်လောက်ဘူး သဲရာ မောင်က"
အချိန်က ညနေငါးနာရီထိုးနေလေပြီ

"ဘာလဲ ဘာဖြစ်လဲမောင်က ကိုယ်ကအိမ်ထောင်သည်ဖြစ်နေပြီ အရင်လိုမဟုတ်တော့ဘူးဆိုပြီး ပြောချင်တာလား"

"........"

"မရဘူးနော် မောင် ဒီည သဲနဲ့နေရမယ် မောင်မနေရင်  သဲ ကိုမချစ်တော့ဘူးဆိုပြီး တစ်ခုခုလုပ်ပစ်မှာနော်"

"သဲရာ အဲ့လိုကြီးမလုပ်ပါနဲ့ကွာ မောင် နေပေးမယ် ဟုတ်ပြီလား"

"........."

"ရပြီလား ဟင် မောင် ဒီညပြန်မလာနိုင်ကြောင်း ဖုန်းဆက်ပြီး ရေချိုးတော့မယ်"

"အွန်း မောင့်သဘော"

*ဟင်း ဘုန်းမြတ် စိတ်ညစ်ရသည်။ အခုလိုလုပ်ရပ်တွေက မမှန်ကန်ဘူး မဖြစ်သင့်ဘူးဆိုတာ သိသည်။ သို့သော် သရဖီကျော် ကအလွယ်တကူ အဆက်ဖြတ်လို့ မရတဲ့သူပင် ။ဘာပဲ ဖြစ်ဖြစ် ဒီဇာတ်လမ်းကို သူရပ်တန်းကရပ်ရသင့်ပြီ*

အတွေးများရင်းနှင်သာ ဖုန်းထဲက ''Nway Oo Linkar´´လို့မှတ်ထားသော ဖုန်းနံပါတ်သို့ခေါ်ဆိုခဲ့သည်

"ဟယ်လို အကို"

"အင်း ဒီည ငါပြန်လာနိုင်မှာမဟုတ်ဘူး"

"ဟုတ် အကို" တစ်ဖက်မှ ကလေးမ အသံသည် အားမရှိသလိုနှင့် အသံထွက်မနည်းထိန်းပြီး ပြောရသော အသံမျိုးဖြစ်နေသည်။

"မင်းဘာဖြစ်နေတာလဲ နေမကောင်းဘူးလား"

"သက်သာပါတယ် ရပါတယ် အကို နွေဦး အဆင်ပြေပါတယ်"

"မင်း ဘာဖြစ်နေလို့လဲ လို့ ကိုယ်မေးနေတယ်လေ"

"ဟင့်အင်း ဘာမှမဖြစ်ပါဘူး နည်းနည်းခေါင်းမူးလို့ပါ"

"အင်း အိမ်တံခါးတွေသေချာပိတ်နော် တစ်ခုခုဖြစ်ရင် ငါ့ကို"

"ဟုတ် အဲ့ဆို နွေဦးဖုန်းချလိုက်တော့မယ်"

"ဟင်"

တစ်ဖက်မှ ဖုန်းချသွားလေပြီ။ ဘာမှမဖြစ်ဘူးလို့သာပြောတာ တစ်ခုခုဖြစ်နေတယ်ဆိုတာကတော့ သေချာသည်ပင်။

အကယ်၍ထပ်ချစ်မိခဲ့ရင်(အကယ်၍ထပ်ချစ်မိခဲ့ရင်)Where stories live. Discover now