Part-13

10.7K 289 11
                                    

Unicode

‌"နွေဦးလင်္ကာ"

"ရှင် အကို"

အကိုက မနေ့ညနေထဲက နောက်တစ်နေ့အလုပ်ပြန်လာတဲ့အချိန် စကားမပြောချေ။ အခုမှသာ ပထမဆုံးပြောခြင်းပင်။

"မနက်ဖြန် ရောင်နီ ပါတီရှိတယ် မင်းသိတယ်မလား"

"နွေဦးပြောလို့ အကိုသိတာလေ"

ဘုန်းမြတ် သူ့အား ဆရာပြန်လုပ်ကာပြောသော ကလေးမကိုအလိုမကျစွာကြည့်ရင်း

"ရောင်နီဦးကမင်းထက်အရင် ငါနဲ့သိလာတာပါ မင်းကအခုငါ့မိန်းမဖြစ်မှ သူနဲ့သိရတာ"

"ဟုတ်ကဲ့ပါ"

"မင်း မင်းဟာလေ ငါလုပ်လိုက်ရ"

"ဟီးဟီး စတာပါ အကိုကလည်း "

"ကိုယ့်လင်ကိုစ စရာမှတ်နေသလား ဒေါ်နွေဦးလင်္ကာ"

"မဟုတ်ပါဘူး အကိုရေချိူးတော့မယ်မလား"

"အင်း"
ဘုန်းမြတ်သူ့အား ရှိသမျှသွားအကုန်ပေါ်အောင် မျက်လုံးမှားမှေးသွားတဲ့အထိ ရယ်ပြနေသော ကလေးမ ကိုဘာဆက်ပြောရမလဲပင်မသိပေ။

"အကိုရေချိုးပြီး အောက်ဆင်းခဲ့တော့လေ နွေဦး ထမင်းပြင်ထားလိုက်မယ်"

"အင်း အင်း"

*********************************

နွေဦး အောက်ထပ်ဆင်းလာတော့ ထမင်းပွဲပြင်နေသော ယောက္ခမဖြစ်သူနှင့်အတူ အိမ်အကူကောင်မလေးတစ်ယောက်ကိုတွေ့ရတယ်။ မေမေတို့ကတော့ ပြင်ဦးလွင် သို့ပြန်သွားကြလေသည်။
အန်တီလှိုင်ကနွေဦးအဖော်မရှိပဲနေမှာစိုးလို့ဟူသောအကြောင်းပြချက်ဖြင့် ယောက်ျားဖြစ်သူနှင့်မနေပဲ နွေဦးတို့အိမ်မှာ အိမ်အကူကောင်မလေးတစ်ယောက်ခေါ်ကာ နေခဲ့သည်။

"သမီးလေး ဆင်းလာပြီလား သားရော"

"အကို ‌ခဏနေမှဆင်းလာလိမ့်မယ် မာမီ"

"အေးကွယ်"

"မာမီ သမီးဘာကူပေးရဦးမလဲ"

"ရပါတယ်ကွယ်"

ခဏနေတော့ အကိုကအောက်ထပ်သို့လိုက်ဆင်းလာသည်။ ရေချိုးပြီးခါစ သေချာမခြောက်သေးသော ဆံစတို့ဟာ သေသပ်မှုမရှိပဲ ဖယိုဖရဲ ဖြစ်နေသည်။ အင်္ကျီလက်ရှည် အသားရောင်နဲ့ဘောင်းဘီတိုကိုဝတ်ဆင်ထားသောအကိုကဒီနေ့မှာလည်း တစ်မျိုးကြည့်ကောင်းနေပြန်သည်။

အကယ်၍ထပ်ချစ်မိခဲ့ရင်(အကယ်၍ထပ်ချစ်မိခဲ့ရင်)Where stories live. Discover now