Part 7

10.7K 355 17
                                    

Unicode

ဘုန်းမြတ် Company တွင် ပုံနေသောအလုပ်တွေကိုလုပ်ရင်း ကျော်စွာ ဝင်လာသည်။

"ဘော့စ်"

"ဪ ပြန်ရောက်လာပြီလား"

"ပြန်ရောက်ပြီဗျာ ဘော့စ်ကတစ်ကယ်ကြီးလွှတ်တာပဲ"

ကျော်စွာတစ်ယောက်သူ့ကို ပြင်သစ်မှာရှိတဲ့ရုံးခွဲကို တစ်ပတ်လောက်သွားရသောကြောင့် ငြီးညူနေခြင်းပင်။

"ဟ မင်းကလည်း ငါဆိုတစ်လလောက်တောင်သွားရသေးတယ်"

"ဘော့စ်က အဲ့တုန်းကလူလွတ်လေဗျာ"

"ကဲ ထားကွာ နောက်လကျရင် နားရက်အကြာကြီးပေးမယ်"

"ပြီးရောဗျာ"

"အင်း ဒီမယ်"

"ဘယ်က ဘယ်သူလဲ ဘော့စ်"

စားပွဲပေါ်သို့ချပေးလိုက်သော မနေ့ညက ဆိုင်ရဲ့ CCTV record ကနေရိုက်ထားသော ဟိုကောင်လေးပုံပင်

"ဒီကောင်လေးအကြောင်းသိချင်တယ် ပြီးတော့ သူနဲ့နွေဦးလင်္ကာရဲ့ပတ်သက်မှုကိုရောစုံစမ်းခဲ့"

"ဟုတ်"

"အင်း"

"ဒါနဲ့လေ ဘော့စ် ကျွန်တော် ပြင်သစ်မှာတုန်းက မသရဖီကျော်ကိုတွေ့ခဲ့တယ်"

"ဟင်  ဘယ်မှာလဲ"

"Flight ပေါ်မှာဗျ ဒီကိုလာမလို့ထင်တယ်"

"ဘာ"

"........."

"ရပြီ မင်းသွားလို့ရပြီ ငါပြောခဲ့တာကိုသာစုံစမ်းပေးထား"

*မ ကဒီကိုဘာလို့လဲ*
*ငါ့ကိုကြိုမပြောတာလဲ*
*ငါမသိအောင်အိမ်သွားရင်ရော*

"မဖြစ်ဘူး"
ဘုန်းမြတ် ကားသော့ကိုယူပြီး အိမ်ကိုအမြန်ဆုံးပြန်ရန်သာထွက်လာခဲ့တော့သည်။

*တီ တီ တီ*
"ဟယ်လို"

"............"

"အင်း"

".........."

"ဟင်"

"......."

"ငါအခုပြန်လာနေပြီ"

*ကျစ် ဘာကိစ္စလဲကွာ*

*******************

ဘုန်းမြတ် အိမ်သို့ အမြန်နှုန်းနဲ့မောင်းလာခဲ့ရာ
ဧည့်ခန်းတွင်ထိုင်နေသော သရဖီကျော် ကိုတွေ့ရတယ်။

အကယ်၍ထပ်ချစ်မိခဲ့ရင်(အကယ်၍ထပ်ချစ်မိခဲ့ရင်)Where stories live. Discover now