Part - 15

14.6K 308 9
                                    


Unicode


"မင်းအဆင်သင့်ဖြစ်ပြီလား"

မနက်စာစားသောက်ပြီး အပေါ်ထပ်သို့အဝတ်စားလဲဆိုကာတက်သွားပြီးပြန်ဆင်လာတော့ အကိုကအစောကနှင့်မတူတော့ပေ။အဖြူပေါ်ကိုမှအနက်အစင်းကြောင်းလေးတွေပါသော အင်္ကျီလက်တိုကို ‌ဘောင်းဘီအနက်ရောင်နဲ့တွဲဖက်ဝတ်ဆင်ထားသည်။ ဘယ်ဘက်လက်ကောက်ဝတ်မှာ နာမည်ကြီး Brand နာရီကိုဝတ်ထားပြီး လက်သန်းကြွယ်မှာ နွေဦးနဲ့ဆင်တူလက်စွပ်တစ်ကွင်းဝတ်ထားသည်။

နွေဦးမှာတော့ ခရမ်းနုရောင်လက်တိုရင်ဖုံးအင်္ကျီနဲ့ထဘီကိုဝတ်ထားပြီး ဆံပင်တွေကိုအထက်ဘက်မှခပ်မြင့်မြင့်ချည်ထားသည်။

နွေဦးအကို့ကိုငေးကြည့်နေတုန်း မနေ့ညကအဝတ်မဲ့သောအကို့ခန္ဓာကိုယ်မြင်ယောင်ပြီး မျက်နှာမှာနီရဲသွားရသည်။

"ဟုတ် အကိုသွားလို့ရပြီ"

ကားပေါ်မှာလည်း အကို့ဘက်က ညတုန်းကကိစ္စတွေကိုတစ်ခွန်းမှမဟပေ။

"ဘယ်တိုက်သွားမှာလဲ"

"ဟင်"

"စာအုပ်တိုက်ပြောတာလေ "

"ဪ ******တိုက်မှာ"

"အင်း မင်းကစာအုပ်ထုတ်ဖို့ကို ငါနဲ့တစ်ချက်မှမတိုင်ပင်ဘူးနော်"

"ဒါက နွေဦး အကိုနဲ့မယူခင်ထဲကစီစဉ်ထားတာပါ ပြီးတော့ အကိုနဲ့လည်း သိပ်စကားပြောချိန်မရှိလို့ပါ"

"အင်း"

ဟုတ်သည် သူတို့နှစ်ဦးလက်ထပ်ပြီးလာတာ တစ်လကျော်နှစ်လနီးပါရှိခဲ့ပြီ အခုချိန်ထိ တစ်နာရီပြည့်အောင်စကားမပြောဖူးပေ။

★★★★★★★★

ဘုန်းမြတ် ဒီကလေးမ ကိုစာအုပ်တိုက်ရှေ့ရောက်တော့ ဆွေးနွေးမယ်ဆိုလို့ သူကားပေါ်မှာပဲနေခဲ့ဖို့စဉ်းစားထားခဲ့ရာ အခု တိုက်ထဲမှထွက်လာတဲ့ ကတုံးကေနဲ့ခပ်ဝဝကောင်က နွေဦးလင်္ကာကို ခြုံကြည့်ကာ ရှိသမျှသွား အကုန်ပေါ်အောင်ပြုံးပြနေတာကို အလိုမကျပေ။

နွေဦးလမ်းမှာတုန်းကအကိုကကားပေါ်မှနေခဲ့မည်ဟုဆိုသောကြောင့်  တစ်ယောက်ထဲကားပေါ်မှဆင်းကာ တိုက်ပိုင်ရှင်၏သားဟုဆိုသော လူကထွက်ကြိုသောကြောင့် နှုတ်ဆက်ကာ အထဲဝင်ကာနီး ကားတံခါးပိတ်သံကြားလို့လှည့်ကြည့်တော့ အကိုဆင်းလာခြင်းဖြစ်သည်။

အကယ်၍ထပ်ချစ်မိခဲ့ရင်(အကယ်၍ထပ်ချစ်မိခဲ့ရင်)Where stories live. Discover now