Unicode
"အကို့"
"အင်း ဘေဘီ"
"ဟာ အကိုနော်"
အင်္ကျီအဖြူရောင်နဲ့အညိုရောင်ဘောင်းဘီရှည်တို့ကိုဝတ်ဆင်ထားသော အကိုဟာ ချောမောခြင်းတွေအပြည့်နှင့်ပင်။
"စတာ စတာ ပြော ဘာပြောမလို့လဲ"
"မာမီက breakfast စားဖို့ခေါ်ခိုင်းလိုက်လို့"
"ဪ ကိုယ်မစားတော့ဘူးမနက်ချိန်းထားတာရှိလို့"
"သားကဘယ်သူနဲ့ချိန်းထားလို့ မာမီပြင်ဆင်ထားတဲ့ breakfast ကိုငြင်းရတာလဲ"
ထိုစဉ်မှာထမင်းစားခန်းထဲမှ မျက်နှာခပ်ရွဲ့ရွဲ့နှင့်ထွက်လာသော မာမီမှမေးခြင်းပင် ။
"မဟုတ်ဘူး မာမီ သားအလုပ်ကိစ္စချိန်းထားတာရှိလို့ ဒယ်ဒီတို့သိလားမသိဘူး Mera Cosmetic ကCEOနဲ့လေ သူကလည်းသားလိုပဲ အသက်အရွယ်အတူတူပဲ"
"ဟင်"
"မာမီ ဘာဖြစ်လို့လဲ"
ဘုန်းမြတ်စကားအဆုံးမှာတော့ မာမီကသိသိသာသာကိုမျက်နှာပျတ်ယွင်းနေသည်။
"Mera ဟုတ်လား "
"ဟုတ်တယ် မာမီ"
"အေး အေးပါကွယ် သွားတော့လေ သားနောက်ကျလိမ့်မယ်"
"ဟုတ်ကဲ့ ကလေးမ အိမ်မှာနေနော် ကြားလား"
"ဟုတ် အကို"
"ကိုယ်သွားပြီ"
"ဟုတ်ကဲ့"
အကိုကနွေဦးကိုနှုတ်ဆက်ပြီး စီးနေကျကားဖြစ်သော ကားအဖြူရောင်ကိုမောင်းကာခြံထဲမှ ထွက်သွားတော့သည်။
"မာမီ"
နွေဦး မာမီရှိရာကိုလှည့်ကြည့်တော့ လှေကားခြေရင်း၌ကျောက်ရုပ်ပမာ မလှုပ်မယှက်ရှိနေသည်။
"မာမီ"
"ဟေ ဟင် သမီးလေး ဘာပြောလိုက်တာလဲ"
"ဟို မာမီ မနက်စာစားရအောင်လေ"
"အင်း သမီးလေး စားနှင့်နော် မာမီ သားဒယ်ဒီစီဖုန်းဆက်လိုက်ဦးမယ်"
"ဟုတ်"
"ဆွေဆွေ ဘာတွေဝယ်လာတာလဲ"
"ပုစွန်အကောင်ကြီးတွေဝယ်လာခဲ့တယ် မမလေး"
YOU ARE READING
အကယ်၍ထပ်ချစ်မိခဲ့ရင်(အကယ္၍ထပ္ခ်စ္မိခဲ့ရင္)
Romanceအတိတ်ကအမျိုးသမီးတစ်ဦးကို မေ့မရနိုင်တဲ့ ဘုန်းမြတ်မိုးတစ်ယောက် မိဘကပေးစားလို့ယူလိုက်ရတဲ့ နွေဦးလင်္ကာဆိုတဲ့မိန်းကလေးကိုလက်ထပ်လိုက်ရတဲ့အခါ သူတို့နှစ်ဦးဘာတွေဆက်ဖြစ်ကြမလဲ? အကယ်၍ထပ်ချစ်မိကြမလား? ဒီဇာတ်လမ်းလေးကိုစာရေးသူနှင့်အတူတူ လိုက်ပါစီးေမျာပေးကြဖို့မျှ...