Part-4

11.1K 334 19
                                    

မနက်ခင်းရဲ့နေရောင်ခြည်နုနုဟာ ပြတင်းပေါက် လိုက်ကာကြားများမှတစ်ဆင့် အိပ်ပျော်နေသော နွေဦးမျက်နှာပေါ်သိုကျရောက်လာခဲ့တယ်။
နာရီကိုကြည့်မိသော ခုနှစ်နာရီထိုးဖို့ငါးမိနစ်အလိုပင်။ကုတင်ဘေးဘီဝဲယာကြည့်လိုက်တော့ အကို့ကိုမတွေ့ရပါ။ ညကကုတင်ပေါ်အိပ်လား မအိပ်လားဟင်မသိပေ။ တစ်နေကုန်ဧည့်ခံထားရတာကြောင့် ညကတစ်ရေးထဲအိပ်ပျော်သွားခဲ့သည်။

"အာ ခုနှစ်နာရီတောင်ထိုးတော့မယ် နဂိုကမှ အမြင်မကြည်ပါဘူးဆို အပြောခံရဦးမယ် ဟူး"

"ဘာအပြောခံရမှာ"

"အမယ်လေး" တစ်ယောက်ထဲထင်ပြီးပြောဆိုမိရာမှ ရေချိုးခန်းတံခါးကိုမှီကာ အပေါ်ပိုင်းဗလာနဲ့ရပ်နေသော အကို့ကြောင့် မလုံမလဲဖြစ်သွားရတယ်"

"မင်း အတင်းပြောမယ်ဆိုလဲ အရှေ့နောက်ကြည့်ပေါ့"

"ရှင် နွေဦး အကို့ကိုပြောတာမဟုတ်ပါဘူး"

"မင်းဟာမင်းဘယ်သူ့ပြောပြော စိတ်မဝင်စားဘူး ငါ့ကိုပြောလဲစောက်ဂရုမစိုက်ဘူး ရှင်းလား"

"ဟုတ်" ဆိုပြီး နွေဦးရေချိုးခန်းထဲဝင်ခဲ့ရသည်။
ရေချိုးခန်းထဲရောက်တာနှင့် အလိုလိုပင် ပါးပြင်ပေါ်သို့ ပူနွေးသော မျက်ရည်များကျလာရသည်။ နွေဦးဘဝမှာအချစ်ရေးကံမကောင်းလှပြီပဲထင်ခဲ့တာ အခုအိမ်ထောင်ရေးရော အတူတူပါပဲ။ အချစ်ရေးလို့စဉ်းစားမိလိုက်သည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ယောက်ကို သတိရမိပါသည်။ ထို့နောက် ရေပန်းအားဖွင့်ချကာ မျက်ရည်များကိုရေနှင့်အတူ စီးဆင်းစေခဲ့သည်။

"သား သမီးလေးရော အတူတူဆင်းမလာဘူး"

"အမေတို့ရွေးတဲ့ ချွေးမလေးက အခုမှရေချိုးခန်းဝင်သွားတယ်"

"သားရယ် စောင့်ခေါ်လာတော့မဟုတ်ဘူး"

"မသိဘူး "

"ဒါနဲ့သားတို့ ဟန်းနီးမွန်းဘယ်ထွက်ချင်လဲ"

"ကျစ် မာမီ သားလက်ထပ်ပွဲကိုတောင် ဘာလို့လက်ခံလဲသိတယ်မလား အရေးမပါတဲ့ ဟန်းနီးမွန်းတွေ မလုပ်ချင်ဘူး မာမီ လုပ်ပေးချင်ရင် အိမ်ပြောင်းဖို့သာ အမြန်ဆုံးစီစဉ်ပေး"

အကယ်၍ထပ်ချစ်မိခဲ့ရင်(အကယ်၍ထပ်ချစ်မိခဲ့ရင်)Where stories live. Discover now