Part-9

11K 320 6
                                    

Unicode

အချိန်ကား ညဆယ်နှစ်နာရီထိုးပြီ
ဘုန်းမြတ် ညက ရောင်နီဖုန်းဆက်ပြောထဲက ဘာလုပ်ရမှန်းမသိပေ။ ဒီအချိန်ဆို ကလေးမ ဘာဖြစ်နေမလဲ အဖျားရော သက်သာရဲ့လား။ ကြံရာမရ ဖုန်းဆက်ပေမယ့် မကိုင်ပေ။ နွေဦးစီဖုန်းဆက်နေတာ ငါးခါနှင့်အထက်ရှိလေပြီ။ ထို့ကြောင့် စားပွဲပေါ်တင်ထားသော ကားသော့နဲ့ ညနေကချွတ်တငိထားသော long coat ကိုယူကာ ထွက်လာခဲ့တော့သည်။

ကားကိုအမြန်နှုန်းနဲ့မောင်းလာခဲ့ပြီး ခြံရှေ့ရောက်တော့ တံခါးကသော့ခတ်ထားလေသည်။ ခြံတံခါး သံချောင်းတွေကြားထဲမှ လက်ဝင်ကာ အပိုပါလာသော သော့ဖြင့်မရမကဖွင့်ယူပြီးသာ ဝင်လာရသည်။ ခြံထဲရောက်တော့ အိမ်တံခါးကလည်း အထဲကခတ်ထားသဖြင့် ဝင်မရ အောက်ထပ်က ပြတင်းပေါက်မှန်ကိုသာ ရိုက်ခွဲပြီးဝင်လာရသည်။

"နွေဦး နွေဦး ဟိတ် ကလေးမ"
အခန်းထဲမှာလည်းမဟုတ် ဧည့်ခန်း ဆိုဖာပေါ်မှာ ကွေးကွေးလေး အိပ်ပျော်နေသော ကလေးမက ကိုယ်တွေခြစ်ခြစ်တောက် ပူနေခဲ့တယ်။

"နွေဦး နွေဦး" ချွေးစေးများထွက်သော မျက်နှာပါးပြင်ပေါ်သို့ လက်ဖဝါးဖြင့် အသာအယာ ပုတ်ခတ်သည့်အခါမှာလည်း နွေဦးဘက်မှ ထူးခြားလာတာမရှိပေ။

ဘုန်းမြတ် ဒီအမျိုးသမီးအား ပွေ့ချီကာ ဆေးရုံသို့သာ မောင်းနှင်လာခဲ့တော့သည်။

"ဟယ်လို နေသူရ မင်းဘယ်မှာလဲ"

"ငါဆေးရုံမှာလေ နိုက်ဂျူတီ "

"အေး စောင့်နေ လူနာပါတယ်"

"ဟင်"

ဘုန်းမြတ် သူငယ်ချင်းတစ်ဖြစ် ဆရာဝန်တစ်ဖြစ် နေသူရအောင် ထိုင်သောဆေးရုံသို့သာ မောင်းလာတော့သည်။

နေသူရအောင် ခမျာ ကျေးဇူးရှင် ဘုန်းမြတ် လာမည်ဆိုသောကြောင့် ဆေးရုံရှေ့ကပင်စီးကြို‌ေနရသည်။

သိပ်မကြာလိုက်ပေ ဒီကောင့် ကားဟာ ဆေးရုံးဝန်းထဲသို့ရောက်လာခဲ့သည်။ ဆင်းဆင်းချင်း နောက်ခန်းက မိန်းမငယ်အား ပွေ့ချီလာသဖြင့်
နေသူရ မျက်လုံးပင်ပြူးသွားရသည်။

"နွေဦးလား ဘာဖြစ်လို့လဲ ဒီမှာချ"

"သီးသန့်ခန်းတွေမရှိဘူးလား"

အကယ်၍ထပ်ချစ်မိခဲ့ရင်(အကယ်၍ထပ်ချစ်မိခဲ့ရင်)Where stories live. Discover now