Part -2

12.8K 421 10
                                    

Unicode

နွေဦးဆိုင်မှအပြန်ခြေလှမ်းတို့ဟာလေးလံနေခဲ့တယ် သူမှာချစ်ရတဲ့သူတယ်တဲ့လား ဒါဆိုငါကဘာဖြစ်သွားမှာလဲ သူများချစ်ခြင်းခွဲတဲ့သူလား

"ဟူးး" စိတ်လည်းညစ်တာနဲ့ အလုပ်လည်းမသွားချင်တော့ပေ အိမမရောက်မှဆိုင်ပိုင်ရှင်အစ်မကိုဖုန်းဆက်ပြီးခွင့်ယူရဦးမည်

ဆိုင်နှင့်အိမ်ကသိပ်မဝေးတာကြောင့် လမ်းလျောက်ပြီးသာပြန်ခဲ့ရတော့တယ်။ စိမ်းပြာရောင်နှစ်ထပ်တိုက်လေးထဲသို့ဝင်လာခဲ့ရာ ဧည့်ခန်းမှာထိုင်နေသောမိဘနှစ်ပါးနဲ့ကိုဘုန်းမြတ်မိုးရဲ့အဖေနှင့်အမေကိုပါတွေ့ရသည်။

"သမီးလေးပြန်လာပြီလား"

"ဟုတ်မေမေ အန်တီနဲ့ဦးလေးကိုနေကောင်းတယ်မလား"

"ကောင်းပါတယ်ကွယ် ကောင်းပါတယ် ငါ့သမီးလေးကချစ်စရာလေးကွယ်ဆံပင်လေးကလည်းအရှည်ကြီးပဲရှင်"

"ဟုတ်ကဲ့ ကျေးဇူးပါ အန်တီ"

"အိုကွယ် အန်တီတွေဘာတွေလုပ်မနေနဲ့ သိပ်မကြာခင်ပဲ အမျိုးတော်ရမယ့်မှာ မေမေ့လို့ပဲခေါ်လေ"

"ဟုတ်ကဲ့ နွေဦး ကျင့်သားမရသေးလို့ပါ"

"အင်းပါ သမီးလေးသဘော သားနဲ့တွေ့ခဲ့တာရောအဆင်ပြေရဲ့လား"

"ဟုတ်ကဲ့ ပြေပါတယ်"

"သားကသမီးလေးကိုပြန်လိုက်မပို့ဘူးလား"

"ဟုတ်ကဲ့ အကိုက အလုပ်အရေးကြီးလို့ပြန်သွားပါတယ်"

"ဪ အေးကွယ် သားကအဲ့လိုပဲအလုပ်သိပ်ရှုပ်တာ"

"ဟုတ်ကဲ့အန်တီ"

"မမလှိုင်တို့ထမင်းစားသွားကြပါလား"

"မစားတော့ပါဘူး ခင်ရယ် လှိုင်တို့ခဏနေပြန်တော့မှာ နောက်တစ်ခေါက်မှပေါ့ စားတော့မယ်"

"ဟုတ်ပါပြီရှင်"

"သမီးလေး အန်တီတို့ပြန်တော့မယ်နော်"

"ဟုတ်ကဲ့ အန်တီ"

အန်တီနဲ့အန်ကယ် ထွက်သွားပြီးမကြာပင်မှာပဲ ဖေဖေက အဆင်ပြေခဲ့လားမေးပြန်တယ် စိတ်ချမ်းသာအောင် အဆင်ပြေခဲ့တယ်လို့ပဲ ပြောခဲ့ရတယ်။ ခဏနေတော့ ဆိုင်ပိုင်ရှင်အစ်မစီဖုန်းဆက်ခွင့်တိုင်ပြီး အနားယူရတော့သည်။

အကယ်၍ထပ်ချစ်မိခဲ့ရင်(အကယ်၍ထပ်ချစ်မိခဲ့ရင်)Where stories live. Discover now