(Unicode)
စာရွက်တွေကိုစီထပ်ရင်း စာရွက်ကြားကထွက်ကျပြီး စားပွဲအောက်အထိရောက်သွား တဲ့ ရှည်မြောမြော အရာလေးကို ငုံ့ကာကောက်ယူလိုက်သည်။ ဒဏ်ကြေဆေးဗူးလေး....
'လိမ်းလိုက်အုံး၊ ဒဏ်ရာက နီနေသေးတယ်' မနက်စားစားနေတဲ့ရှေ့ကို ဆေးဗူးလာချပေးရင်း ပြောတဲ့စကား။ B.B အတွက် မနက်စာကနေ အစ နေ့လည်စာ ထမင်းဗူး အစုံ မနားတမ်းလုပ်နေရင်းက အိတ်ကပ်ထဲမှာ ထည့်ထားတဲ့ ဆေးဗူးလေးကို ထုတ်ပေးသွားတာမို့ ကိုယ့်ကို ပေးဖို့ တချိန်လုံးဆောင်ထားခဲ့တာများလားလို့ ကြံဖန်ကာ တွေးလိုက်သေးသည်။ မနေ့က Cafeထဲမှာ ဖြစ်ခဲ့တဲ့ ကိစ္စကို တစ်ခုခုပြောလားအုံးမလားလို့ စိတ်ထင့်နေခဲ့ပေမယ့် ဒီအချိန်ထိတော့ ဂျွန်က ဘာတစ်ခွန်းမှ မဟခဲ့။
"ကိုကို"
ရှေ့တည့်တည့်က လူရိပ်နဲ့ မရင်းနှီးတဲ့ အခေါ်ဝေါ်ကြောင့် မော့ကြည့်လိုက်မိသည်။ ကိုယ့်ရှေ့တည့်တည့်လာရပ်တာသာမဟုတ်ရင် အာရုံတောင်စိုက်မိလိမ့်မှာ မဟုတ်။
"ယွန်းဂျီ?"
"အင်း.... နေ့လည်စာသွားစားကြမယ်"
"မဟုတ်သေးပါဘူး မင်းက"
"ဘာဖြစ်လို့လဲ ကိုကို"
ယွန်းဂျီက သူ့စိတ်ကြိုက်သုံးပစ်လိုက်တဲ့ နာမ်စားကို ဘာမှ မထူးဆန်းသလို နောက်တစ်ခါထပ်ခေါ်သည်။ Baranded အိတ်သေးသေးတစ်လုံးကို လွယ်ထားတဲ့ ယွန်းဂီက အရင်နေ့တုန်းကလို ပဲ ပုခုံးသားတွေ လွတ်နေတဲ့ အင်္ကျီနဲ့.... လက်ပိုက်ကာ ခပ်နွဲ့နွဲ့ရပ်နေပြီး အကြည့်တွေက ဆယ်ဟွန်းဆီမှာ....
"ဆောရီး....နေ့လည်စာ စားချိန်ရောက်ဖို့ လိုသေးတယ်...မင်းပဲ အရင်သွားနှင့်လိုက်ပါ"
ယွန်းဂျီ ဟွန့်ခနဲမဲ့သွားတာ သိသိရက်နဲ့ မမြင်ယောင်ဆောင်ပစ်လိုက်သည်။ အခန်းထဲတစ်ချက်ဝေ့ကြည့်လိုက်တော့ ယွန်းဂီ စပြီးဝင်လာကတည်းက အစအဆုံး စပ်စုနေကြပုံရတဲ့ မျက်လုံးတွေ အထားမတတ်ဖြစ်ကုန်၏။
"ဟိုနေ့အမှားလုပ်မိထားလို့ တောင်းပန်တဲ့အနေနဲ့ ကလေး အတွက် တစ်ခုခုလဲ ဝယ်ပေးချင်လို့လေ...လိုက်ခဲ့ပါ...ကလေးဘာကြိုက်တတ်လဲ ကိုကိုပဲသိမှာ"